
ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်
စစ်ကောင်စီသည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည် သံတွဲမြို့ကို ယမန်နေ့ ဇွန် ၇ ရက် ည ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် သံတွဲမြို့ရှိ စစ်သားစုဆောင်းရေးတပ် နေရာဟောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် စစ်သားစုဆောင်းရေးတပ် နေရာဟောင်းအပြင် စစ်ဘေးရှောင်များခိုလှုံနေသည့် ကျောက်ကြီးကျေးရွာ အထက ကျောင်း၊ ပုဇွန်ပြေကျေးရွာ စာသင်ကျောင်းတို့ကို ဗုံး ကြဲချ တိုက်ခိုက်ခံရသည့်အတွက် အရပ် သားလေးဦး သေဆုံးပြီး ၁၁ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။
“စစ်ဘေးရှောင်တွေနေတဲ့ ကျောင်းနှစ်ကျောင်းအကြဲခံရလို့ လက်ရှိတော့ လေးယောက်သေတယ်လို့ သိထားရတယ်”ဟု သံတွဲဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် မောင်ရွှေလေး ရေတပ်၊ ဂျိတ္တော၊ ငပလီတို့ကို့ ပြီးခဲ့သည့် ဇွန် ၅ ရက်နေ့က စစ်ကောင်စီ၏ တိုက်ခိုက်ရေး စစ်သင်္ဘောများမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
AA ထိန်းချုပ်နယ်မြေဖြစ်သည့် သံတွဲမြို့ကို ပြီးခဲ့သည့် ဇွန် ၃ ရက်နေ့ ညပိုင်းမှစ၍ ပင်လယ်ပြင်တွင် လှည့်ပတ်နေသည့် စစ်ကောင်စီ၏ တိုက်ခိုက်ရေး စစ်သင်္ဘောသုံးစီးက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူရေပိုင်နက်တို့ကို ထိန်းချုပ်ထားသည့် စစ်ကောင်စီသည် AA သိမ်းပိုက်ထားသည့် မောင်ရွှေလေး ရေတပ်စခန်းနေရာကို စစ်သင်္ဘောများသုံး၍ တိုက်ခိုက်လာခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)
ပုံစာ- သံတွဲလေဆိပ်တွင်တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ
#ရခိုင် #သံတွဲ #စစ်ကောင်စီ #လေကြောင်း #ဗုံးကြဲ #စစ်သင်္ဘော #လက်နက်ကြီး #ပစ်ခတ် #Ayeyarwaddy_Times