
ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်
မန္တလေးနှင့် စစ်ကိုင်းဗဟိုပြုလှုပ်ခတ်သွားသော ငလျင်ကြောင့် ထိခိုက်ပျက်စီးရသည့် နေအိမ် လေးသောင်းနီးပါးအတွက် မကြာခင်ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း ဒုတိယစစ်ခေါင်းဆောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကဆိုသည်။
ယမန်နေ့က ကျင်းပသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးတွင် ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ဘေးအန္တရာယ်နှင့် စီမံခန့်ခွဲမှုဦးစီးဌာနက ငလျင်လှုပ်ဒဏ်ခံရသည့်နေအိမ်များကိုတွတ်ချက်ထားပြီး ဝန်ထမ်းအိမ်ရာမပါဘဲ လူနေအိမ် ၃၉၆၀၃ အိမ်ရှိ၍ ပျက်စီးမှုအလိုက် စိစစ်ဆဲဖြစ်ပြီး မကြာမီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ငလျင်လှုပ်ခတ်ပြီးရက် ပေါင်း ၇၀ ကျော်အတွင်း သုံးစွဲပြီးသည့်ငွေ စုစုပေါင်း ငွေကျပ် ၂၆၄ ဒသမ ၆၅၆ ဘီလီယံရှိကြောင်း စစ်ကောင်စီဖော်ပြထားသည်။
လက်ရှိတွင် မန္တလေးမြို့ခံလူမှုရေးအဖွဲ့အစည်းများက ငလျင်ဘးဒဏ်ခံရသူများကို တစ်လ အိမ်လခ သုံးသိန်းကျပ်ဖြင့် ခြောက်လစာ နေအိမ်ငှား ပေးမှုများရှိ ကြောင်း စေတမာန်လူမှုကူညီ ရေး အသင်းထံမှ သိရသည်။
ပြည်တွင်းအလှူရှင်များ၏ ငွေကျပ် ၁၄၄ ဘီလီယံကျော်နှင့် ပြည်ပအလှူရှင်များ၏ အမေရိကန်ဒေါ်လာ ၅ သန်းကျော်အပါအဝင် နိုင်ငံတော်အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ရန်ပုံငွေထပ်မံထည့်ဝင်ထားမှုရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ စစ်ကောင်စီဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောကြားသည်။
ငလျင်ကြီးလှုပ်ခတ်မှုကြောင့် ဇွန် ၆ ရက်နေ့အထိ သေဆုံးသူ ၃၇၃၉ ဦး၊ ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၆၇ ဦးရှိကြောင်း၊ ထို့ပြင် နေအိမ်အဆောက်အအုံ ၆၃၀၀၀ ကျော်ရှိကြောင်း စစ်ကောင်စီထံမှ သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ MOI
#ငလျင်ဘေးဒဏ်ခံနေအိမ်များ #ထောက်ပံ့ပေးမည် #ဒုတိယစစ်ခေါင်းဆောင်ဆိုစိုးဝင်းဆို #Ayeyarwaddy_Times