
ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်
ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့ ၊ သပြေပင်ကျေးရွာအုပ်ချုပ်ရေးမှူးမှ လစဥ်စစ်မှုထမ်းကြေးကောက်ခံနေပြီး တိုင်ကြားသူရှိပါက ပေါ်တာဆွဲပြီး စစ်တပ်သို့ပို့ဆောင်မည်ဟု ခြိမ်းခြောက်နေကြောင်း ဒေသခံများထံမှသိရသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဝင်းစိုးဆိုသူမှ ကျေးရွာအတွင်းရှိ အသက်၁၈ နှစ်မှ ၃၅နှစ်အတွင်းရှိသည့်နေအိမ်များကို လူတစ်ဦးလျှင် တစ်သိန်း သုံးသောင်းကျပ် စစ်မှုထမ်းကြေး လိုက်လံကောက်ခံနေကြောင်း သိရသည်။
“ပိုက်ဆံတောင်းတာတိုင်ရင် တိုင်တဲ့အိမ်က လူငယ်တွေအကုန်လုံးကို ပေါ်တာဆွဲပြီး စစ်ထဲ ပို့ပစ်မယ်လို့ ခြိမ်းခြောက်သေးတယ်။ စစ်မှုထမ်းက အမြဲပေးရတာမဟုတ်ပဲ အမြဲငွေထည့်နေရတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အဆိုပါကျေးရွာအုပ်စုတွင် ကျေးရွာငါးရွာရှိပြီးဒေသခံများအနေဖြင့် လူငယ်ရှိသလောက် တစ်ဦးခြင်း သတ်မှတ်ကောက်ခံနေသောကြောင့် စား၀တ်နေရေးအခက်အခဲများကြုံတွေ့နေရကြောင်းသိရှိရသည်။
စစ်မှုထမ်းသင်တန်းတက်ရောက်ပြီး ရှေ့တန်းသို့ပို့ဆောင်ရာတွင် သေဆုံးမှုများရှိလာသဖြင့်လိုက်မည့်သူ့မရှိသောကြောင့် ရပ်ကွက်နှင့်ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများကငွေကောက်ခံပြီး အခြားဒေသများမှ လူစား၀ယ်ယူမှုများပြားလာကြောင်း သိရသည်။
#အင်္ဂပူမြို့ #စစ်မှုထမ်းကြေးကောက်ခံ #တိုင်ကြားပါကပေါ်တာဆွဲခံရမည် #ခြိမ်းခြောက် #Ayeyarwaddy_Times