
ဧရာဝတီတိုင်းမ်
ဇွန် ၇ ရက်
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် တောင်ကိုရီးယားအဖွဲ့အစည်းများပူးပေါင်း၍ မြန်မာ့အရေး ဓာတ်ပုံပြပွဲကို ယနေ့ ဇွန် ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
“တောင်ကိုရီးယားနိုင်ငံ အင်ချွန်း ၊ဘူဖျောင်းမြို့မှာ (ပွင့်လန်းပါစေ မြန်မာပြည်) လို့ အမည်ပေးထားပြီး မြန်မာ့အရေးဓာတ်ပုံပြပွဲကို နေ့လည် ၁၂နာရီကနေ ညနေ ခြောက်နာရီအထိ ကျင်းပမယ်။ မနက်ဖြန် ဇွန် ၈ရက်မှာလည်း ဓာတ်ပုံပြပွဲ ဆက်လက် ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်” ဟု ဓာတ်ပုံပြပွဲတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကိုရီးယားနိုင်ငံတွင် ၁၉၈၇ ခုနှစ် ဇွန်လ ၁၀ရက် ကျောင်းသားအရေးခင်း ဖြစ်ပွားခဲ့သည့် ဒီမိုကရေစီအရေးအခင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကိုရီးယားအဖွဲ့အစည်းများနှင့် မြန်မာအဖွဲ့အစည်းများ ပူးပေါင်းကျင်းပခြင်းလည်းဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာ့ဒီမိုကရေစီအရေး ဓာတ်ပုံပြပွဲကို Myanmar.VOM နွေဦးစင်တာမှ ဦးစီး၍ MFDMC ၊ One Day Challange အတူ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ဓာတ်ပုံများကို ယနေ့ ဇွန်လ ၇ရက် နံနက် ၁၂နာရီမှ စတင်၍ ညနေ ငါးနာရီအထိ ဘူဖြောင်းဘူတာရှေ့ ပြည်သူ့ရင်ပြင် အဝိုင်းတွင် ခင်းကျင်း ပြသကြောင်း သိရသည်။
#တောင်ကိုရီးယား #မြန်မာနှင့်ကိုရီးယားအဖွဲ့စည်းများပူပေါင်း #ပွင့်လန်းပါစေမြန်မာပြည်#မြန်မာ့အရေး #ဓာတ်ပုံပြပွဲပြုလုပ် #Ayeyarwaddy_Times