(အီလွန်မတ်စ်နဲ့ စကားပြောဆိုဖို့ စိတ်မဝင်စားဘူးလို့ ဒေါ်နယ်ထရမ့် ဆို)

ဧရာဝတီတိုင်းမ်
ဇွန် ၇ ရက်

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အခွန်ဖြတ်တောက်မှုဉပဒေကြောင့် မဟာမိတ်ဟောင်း အီလွန်မတ်စ်နဲ့ ခါးသီးသော အချင်းများမှု ရှိနေလင့်ကစား ဒေါ်နယ်ထရမ့်က အီလွန်မတ်စ်နဲ့ ဆွေးနွေးဖို့ စိတ်မဝင်စားဘူး လို့ အိမ်ဖြူတော် တာဝန်ရှိသူတစ်ဉီးက သောကြာနေ့မှာ ပြောကြားခဲ့ပြီး နှစ်ဉီးကြား ဖုန်းပြောဆိုဖို့ အစီ အစဉ်မရှိဘူးလို့ ဆိုပါတယ်။

ကမ္ဘာ့ အာဏာအရှိဆုံးခေါင်းဆောင် ဒေါ်နယ်ထရမ့်နဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ် တို့ဟာ အကြီးအကျယ် အချင်းများခဲ့ရာ နီးကပ်သော မဟာမိတ်ပြုမှု အဆုံးသတ်သွားခဲ့ပါတယ်။

အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန အကြီးအကဲအဖြစ်မှ စွန့်ခွာခဲ့တဲ့ အီလွန်မတ်စ်က ဒေါ် နယ်ထရမ့်ရဲ့ အခွန်ဖြတ်တောက်မှုနဲ့ အသုံးစရိတ်ဉပဒေကို ရှုတ်ချခဲ့ပါတယ်။

အီလွန်မတ်စ်က အဆိုပါဉပဒေဟာ အမေရိကန်နိုင်ငံကို ကြွေးမြီ ဒေါ်လာ ၃၆ ဒသမ ၂ ထရီလီယံ ရှိလာစေနိုင်တယ်လို့ဆိုကာ ကန့်ကွက်ချိန်မှာ ဒေါ်နယ်ထရမ့်က နှုတ်ဆိတ်ခဲ့ပါတယ်။

အီလွန်မတ်စ်ကို အလွန် စိတ်ပျက်မိတယ်လို့ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ သတင်း ထောက်တွေကို ပြောကြားခဲ့ပါတယ်။

“ကျွန်တော်မပါရင် ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲမှာ ရှုံးနိမ့်မှာဖြစ်ပါတယ်” လို့ ပြီးခဲ့တဲ့နှစ် ရွေး ကောက်ပွဲမှာ ဒေါ်နယ်ထရမ့်နဲ့ အခြားရီဗက်ပလီကင်တွေကို ထောက်ခံဖို့ ဒေါ်လာ သန်း ၃၀၀ နီးပါး သုံးစွဲ ခဲ့တဲ့ အီလွန်မတ်စ်က ရေးသားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ သွင်းကုန်စည်းကြပ်ခွန်ကောက်ခံမှု လက်မှတ်ရေးထိုးမှုကြောင့် အမေရိကန်နိုင် ငံဟာ ယခုနှစ်နှောင်းပိုင်းမှာ စီးပွားရေးကျဆင်းလာနိုင်တယ်လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – Bloomberg
Ref; Trump is not interested in talking to Musk, White House official says

#Ayeyarwaddy_Times