
ရန်ကုန်မြို့မှ ဧရာဝတီမြစ်သို့ ထွက်ခွာမည့် ရေယာဉ်များအားလုံး တွံတေးတူးမြောင်းမှတစ်ဆင့်သာ ဖြတ်သန်းမောင်းနှင်ရမည်
ဧရာ၀တီတိုင်းမ်
ဇွန် ၇ ရက်
ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ပန်းလှိုင်မြစ်ဝ၊ ညောင်တုန်းရေလမ်းပိုင်းတွင် ဇွန်လ ၉ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ သောင်တူးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရေလမ်းကြောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုသို့ သောင်တူးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပန်းလှိုင်မြစ်ဝရှိ ညောင်တုန်းရေလမ်းကြောင်းကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထို့ကြောင့် ဧရာဝတီမြစ်မှ ရန်ကုန်မြို့သို့ ဝင်ရောက်မည့် ရေယာဉ်များအပြင်၊ ရန်ကုန်မြို့မှ ဧရာဝတီမြစ်သို့ ထွက်ခွာမည့် ရေယာဉ်များအားလုံး ပန်းလှိုင်မြစ်ကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ တွံတေးတူးမြောင်းမှတစ်ဆင့်သာ ဖြတ်သန်းမောင်းနှင်ရမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-ညောင်တုန်းတွင် ပန်းလှိုင်မြစ်ရေ တိုက်စားထားသည့် မြင်ကွင်း။
#ပန်းလှိုင်မြစ် #ရေလမ်းပိတ် #သောင်တူးလုပ်ငန်း #ရေယာဉ်များ #တွံတေးတူးမြောင်း #Ayeyarwaddy_Times