
ဧရာဝတီတိုင်းမ်
ဇွန် ၇ ရက်
ပြီးခဲ့တဲ့အပတ်က နယ်စပ်တစ်လျှောက် စစ်ရေး ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားပြီးနောက် တိုက် ရိုက် ဆွေးနွေးမှုပြုလုပ်ရေး တွန်းအားပေးဖို့ ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနိုင်ငံကို တိုက်တွန်းလိုက်ပါ တယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်တစ်ရပ် ကြိုးပမ်းမယ်လို့ ကမ္ဘောဒီးယားအစိုးရက ပြောပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားစစ်တပ်တွေဟာ မေလ ၂၈ ရက်က အငြင်းပွားနယ်စပ်မှာ အပြန်အလှန် ပစ်ခတ်ခဲ့ရာ ကမ္ဘောဒီးယားစစ်သားတစ်ဉီး သေဆုံးခဲ့ပါတယ်။
ICJ ရဲ့ တရားစီရင်မှုကို အသိအမှတ်မပြုကြောင်း၊ နှစ်နိုင်ငံစလုံးဟာ ပြဿနာကိုဖြေရှင်းမယ့် နှစ် နိုင်ငံလမ်းကြောင်းတွေ ရှိပြီးဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ချက်တစ်ခုမှာ ပြောပါတယ်။
ကမ္ဘောဒီးယားအစိုးရဟာ အစောပိုင်းက အငြင်းပွားမှုတွေကို ဖြေရှင်းမယ့် လက်ရှိ လုပ်ထုံးလုပ် နည်းတွေမှာ ကန့်သတ်ချက်တွေရှိတယ်လို့ဆိုကာ ICJ မှာ တိုင်ချက်ဖွင့်မယ်လို့ ကြေညာခဲ့ပါတယ်။
ငြိမ်းချမ်းသော အဖြေတစ်ခု ရှာဖွေဖို့ နှစ်နိုင်ငံစလုံးက ကြိုးပမ်းနေပြီး အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ဖို့ ကတိပြုထားတယ်လို့ ထိုင်းနဲ့ကမ္ဘောဒီးယားက ပြောပါတယ်။
ထိုင်းနဲ့ကမ္ဘောဒီးယားဟာ ပိုင်နက်နယ်မြေပြဿနာတွေ ရှိလင့်ကစား ပြီးခဲ့တဲ့နှစ်တွေအတွင်း နီး ကပ်သော သံတမန်ဆက်ဆံရေး ရှိခဲ့ပါတယ်။
ကိုးကား – NHK
Ref; Thailand urges direct dialogue with Cambodia on border clash
#Ayeyarwaddy_Times