ဧရာဝတီတိုင်းမ်
ဇွန် ၆ ရက်

နေတိုးအဖွဲ့ဟာ ရုရှားရဲ့ ခြိမ်းခြောက်မှုကြောင့် တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်နေပြီး နေတိုးအဖွဲ့ရဲ့ စစ်လက်နက်နဲ့ တပ်ဖွဲ့ဝင်ရည်မှန်းချက်သစ်အရ ဂျာမနီနိုင်ငံဟာ ထပ်တိုးတပ်ဖွဲ့ဝင် ၆၀၀၀၀ အထိ လို အပ်မယ်လို့ သိရပါတယ်။

“ဉရောပတိုက်ရဲ့ အကြီးမားဆုံး စီးပွားရေးနိုင်ငံအဖြစ် ကျွန်တော်တို့ဟာ တာဝန်ဝတ္တရားကို တိုး မြှင့်ဆောင်ရွက်နေပါတယ်” လို့ ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ်စတိုးရီးယပ်စ်က ဘယ်လ်ဂျီ ယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော်မှာ ကျင်းပမယ့် နေတိုးအစည်းအဝေးမတိုင်မီ ပြောပါတယ်။

ဂျာမနီစစ်တပ်ဟာ လက်ရုံးတပ်ဖွဲ့အားလုံးအတွက် အကြမ်းဖျင်းအားဖြင့် တပ်ဖွဲ့ဝင် ၅၀၀၀၀ မှ ၆၀၀၀၀ အထိ လိုအပ်မှာဖြစ်ပြီး ဂျာမနီစစ်တပ်ရဲ့ အနာဂတ်အင်အားဟာ ၂၅၀၀၀၀ မှ ၂၆၀၀၀၀ အထိ ရှိ လာမယ်လို့ ၎င်းက ဆိုပါတယ်။

နေတိုးအဖွဲ့က ဂျာမနီနိုင်ငံကို တပ်မဟာ ၇ ခု သို့မဟုတ် တပ်ဖွဲ့ဝင် ၄၀၀၀၀ ခန့်ပေးဖို့ တောင်းခံ ထားတယ်လို့ ရိုက်တာသတင်းဌာနက ပြီးခဲ့တဲ့အပတ်မှာ ဖော်ပြခဲ့ပါတယ်။

တပ်ဖွဲ့ဝင်ထောင်ချီ စုဆောင်းဖို့မှာ ဂျာမနီနိုင်ငံအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်လာ မှာဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ရပ်ဆိုင်းခဲ့တဲ့ စစ်သားစုဆောင်းရေးကို ပြန်ကျင့်သုံးရဖွယ်ရှိပါတယ်။

ဂျာမနီစစ်တပ်ဟာ ၂၀၁၈ ခုနှစ်မှာ တပ်ဖွဲ့ဝင် ၂၀၃၀၀၀ အထိရှိရမယ့် ရည်မှန်းချက် မပြည့်မီခဲ့ဘဲ လက်ရှိမှာ ရှိရမယ့် အမြဲတမ်းတပ်ဖွဲ့ဝင် အရေအတွက်ထက် ၂၀၀၀၀ လျှော့နည်းနေတယ်လို့ ကာကွယ် ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဆန္ဒအလျောက် စစ်မှုထမ်းဥပဒေက ဂျာမနီစစ်တပ်ရဲ့အင်အားကို ဖြည့်ဆည်းပေးနိုင်းခြင်း ရှိ မရှိ ဆိုတဲ့မေးခွန်းကို ဂျာမနီအစိုးရက ကြုံတွေ့ရနိုင်တယ်လို့ ဘောရစ်ပစ်စတိုးရီးယပ်စ်က ဆိုပါတယ်။

စစ်တန်းလျားနဲ့ လေ့ကျင့်ရေးဆရာတွေ ပြတ်လပ်မှုကြောင့် ဂျာမနီစစ်တပ်ဟာ လိုအပ်သော စစ် မှုထမ်းအရေအတွက် မစုဆောင်းနိုင်ခဲ့ဟု ၎င်းက သတိပေးခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Germany to boost military by up to 60,000 troops under new NATO targets

#Ayeyarwaddy_Times