ဧရာဝတီတိုင်းမ်
ဇွန် ၆ ရက်

ထိုင်း-မြန်မာနယ်စပ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့် နယ်နိမိတ်ချင်းဆက်စပ်နေသည့် ထိုင်းနိုင်ငံ ချင်းမိုင် နှင့် ချင်းရိုင်ဒေသမှ ထိုင်းဒေသခံများသည် မြန်မာဘက်မှ သတ္တုတူးဖော်ခြင်းများ ကြောင့် မြစ်ရေများညစ်ညမ်းလာခြင်းအပေါ် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇွန် ၅ ရက်နေ့က ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် နှစ်နိုင်ငံနယ်စပ်ရှိ နမ့်ခုတ်(ခေါ့)မြစ်၊ မဲခေါင်မြစ်၊ မယ်ဆိုင်(စိုင်း)မြစ် တို့ရှိ မြစ်ရေများကို ညစ်ညမ်းလာစေသည့် သတ္တု တူးဖော်ခြင်းများကို အဆုံးသတ်ရန် ထိုင်းဒေသခံများက ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်သူများ၏ကိုယ်စားလှယ်ဖြစ်သူက မြန်မာအစိုးရ ထိန်းချုပ်မှုအောက်တွင်မရှိသည့် ရှမ်းပြည်နယ်မှ သတ္တုတူးဖော်ရေးလုပ်ငန်းများကို ရပ်တန့်စေရန် ထိုင်းဝန်ကြီးချုပ် ပေထုန်တ န်ရှင်နာဝပ်မှ မြန်မာအာဏာပိုင်များကို ပြောဆိုခဲ့ကြာင်း၊ သတ္တုတွင်းများမှာ မြစ်ရေကိုညစ်ညမ်း စေကြောင်း နှင့် ထိုင်းအစိုးရအနေဖြင့်ညစ်ညမ်း နေပြီဖြစ်သည့် ပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်း ပေးရန် စသည့် အကြောင်းအရာများပါသည့် ကြေညာချက် တစ်စောင်ကိုလည်း ဖတ်ကြားခဲ့သည်။

ရှမ်းပြည်နယ်တွင် သတ္တုတူးဖော်သည့် မိုင်းတွင်း ၄၀ ထက်မနည်း လည်ပတ်တည်ရှိနေပြီး အချို့မှာ ထိုင်းနယ်နိမိတ်နှင့် နှစ်ကီလိုမီတာသာကွာပြီး ၎င်းတို့ကြောင့် ပြီးခဲ့သည့်နှစ်အနည်းငယ်မှစ၍ နယ်စပ် ဒေသရှိ မြစ်ရေများမှာ အရောင့်ရင့်လာကာ ညစ်ညမ်းမှုများဖြစ်လာကြောင်း သိရသည်။

ထို့သို့ မြစ်ရေညစ်ညမ်းမှုများကြောင့် လယ်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ ရေပေးဝေရေး နှင့် ခရီးသွားလုပ်ငန်းများကို ထိခိုက်မှုများဖြစ်လာနိုင်ပြီး ပြသနာများ ဆက်လက်တိုးပွားလာပါက လူသန်းပေါင်းများစွာထံ အပျက်သဘောဆောင်သည့် သက်ရောက်လာနိုင်ကြောင်းလည်း ဆန္ဒပြသူများ က ပြောဆိုခဲ့သည်။

နယ်စပ်ဒေသတွင် သတ္တုတူးဖော်မှုကြောင့် မြစ်ရေညစ်ညမ်းမှုနှင့်ပတ်သတ်ပြီး ထိုင်းဒေသခံများမှာ ပြီးခဲ့သည့် မတ် ၁၄ ရက်နေ့က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့တွင်လည်း ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

ကိုးကား – Bangkok Post

#Ayeyarwaddy_Times