
“အထူး၀မ်းနည်းကြေကွဲခြင်း”
ဧရာ၀တီတိုင်းမ်
ဇွန် ၅ ရက်
ဧရာ၀တီတိုင်းမ်သတင်းဌာန၏ မြောင်းမြခရိုင်သတင်းတာ၀န်ခံအဖြစ် ဆောင်ရွက်ခဲ့သူ သတင်းထောက်ဟောင်း ကိုဘိုဘို (အသက် ၄၇ နှစ်) မှာ ဇွန်လ ၂ ရက်နေ့တွင် ဘ၀တပါးသို့ ကွယ်လွန်သွားခဲ့ကြောင်း သိရပါသည်။
ကိုဘိုဘိုသည် ၂၀၁၈ ခုနှစ်မှစတင်၍ ဧရာ၀တီတိုင်းမ်သတင်းဌာနတွင် ဘိုဘို (မြောင်းမြ) ကလောင်အမည်ဖြင့် သတင်းများ ရေးသားခဲ့သူဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဧပြီလအထိ သတင်းများ ရေးသားတင်ဆက်ခြင်း၊ လူထုဆန္ဒပြပွဲများကို တိုက်ရိုက် (Live) ထုတ်လွှင့်တင်ဆက်ခြင်းများ ဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။
အာဏာသိမ်း စစ်ကောင်စီက သတင်းထောက် ကိုဘိုဘိုကို စစ်ဆေးမေးမြန်းခြင်း၊ ဖိအားပေးခြိမ်းခြောက်ခြင်း များပြုလုပ်ခဲ့သည့်အတွက် ၂၀၂၁ ခုနှစ်၊ မေလမှစတင်၍ သတင်းရေးသားခြင်းကို ရပ်နားခဲ့ပြီး မြောင်းမြမြို့မှ တခြားဒေသတစ်ခုသို့ ထွက်ပြေးတိမ်းရှောင်နေထိုင်ခဲ့ရသူလည်း ဖြစ်ပါသည်။
ဧရာ၀တီတိုင်းရှိ ပြည်သူများနှင့်အတူ အမှန်တရားဘက်မှ အဆုံးတိုင်ရပ်တည်ဆောင်ရွက်ခဲ့သော သတင်းထောက်ဟောင်း ဘိုဘို (မြောင်းမြ) ကွယ်လွန်ခဲ့မှုအပေါ် မိသားစုနှင့်ထပ်တူ ၀မ်းနည်းကြေကွဲရပါသည်။
ဧရာ၀တီတိုင်းမ်သတင်းဌာန ၀ိုင်းတော်သားများ