
ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်
မြောက်ကိုရီးယားနိုင်ငံနဲ့ ဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့နဲ့ အမေရိကန်၊ ဂျပန်တို့နဲ့ သုံးနိုင်ငံ မိတ်ဖက်ဆောင်ရွက်မှု တိုးမြှင့်ဖို့ တောင်ကိုရီးယားသမ္မတသစ် လီဂျေမြောင်က ကတိပြုလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း စစ်အုပ်ချုပ်ရေး ကြေညာမှုကြောင့် သမ္မတဟောင်း ယွန်ဆတ်ခ်ယိုလ် ရာထူး မှဖယ်ရှားခံရပြီးနောက်ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး နာရီအနည်းငယ်အကြာမှာ ပြောကြား တဲ့မိန့်ခွန်းမှာ ငယ်ဘဝဆင်းရဲမွဲတေမှုမှ တန်းတူညီမျှမှုမရှိခြင်း၊ အဂတိလိုက်စားခြင်းကို တိုက်ဖျက်ဖို့ ကြွေးကြော်ရင် တောင်ကိုရီးယားသမ္မတ ဖြစ်လာခဲ့တဲ့ လီဂျေမြောင်က အခုလို ပြောကြားခဲ့တာပါ။
တောင်ကိုရီးယားအစိုးရသစ်ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေကို အ မေရိကန်နဲ့ စစ်ရေးမဟာမိတ်ပြုမှုအပေါ် အခြေခံပြီး ကိုင်တွယ်ဖြေရှင်းမယ်လို့ လွှတ်တော်မှာပြောကြား တဲ့ မိန့်ခွန်းမှာ ၎င်းက ဆိုပါတယ်။
မြောက်ကိုရီးယားနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်လှစ်ကာ ဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက် မှုမှတစ်ဆင့် ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေး ဆောင်ရွက်မယ်လို့ သူက ဆက်ပြောပါတယ်။
အိမ်နီးချင်းတိုင်းပြည်တွေနဲ့ လက်တွေ့ကျတဲ့ သံခင်းတမန်ခင်း ကျင့်သုံးကာ တောင်ကိုရီးယား-အမေရိကန်-ဂျပန် သုံးနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မယ်လို့ ၎င်းက ပြောပါတယ်။
“အမျိုးသား အကျိုးစီးပွားကို အခြေခံပြီး လက်တွေ့ကျတဲ့ သံခင်တမန်ခင်းမှတစ်ဆင့် ကမ္ဘာ့ စီး ပွားရေးနဲ့ လုံခြုံရေး အခင်းအကျင်းမှာ အဓိက အပြောင်းအလဲကြောင့်ဖြစ်ပွားတဲ့ အကျပ်အတည်းကို အ ခွင့်အလမ်းတစ်ခုအဖြစ် ပြောင်းလဲပါမယ်” လို့ လီဂျေမြောင်က ဆိုပါတယ်။
လီဂျေမြောင်ကို စောင့်ဆိုင်းနေတဲ့ အကြမ်းတမ်းဆုံး ပြင်ပစိန်ခေါ်မှုတွေမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စည်းကြပ်ခွန်မူဝါဒနဲ့ မြောက်ကိုရီးယားရဲ့ ရုရှားနဲ့ စစ်ရေးမဟာမိတ်ပြုမှု တိုးချဲ့ခြင်းတို့ ဖြစ်ပါတယ်။
ကိုးကား – AP
Ref; South Korea’s new President Lee vows to pursue talks with North and bolster ties with US and Japan
#Ayeyarwaddy_Times