ဧရာဝတီတိုင်းမ်
ဇွန် ၄ ရက်

‌လက်ရှိရာသီဥတုအခြေအနေတွင် ပုံမှန်မုတ်သုံမိုးသာရွာသွန်းနိုင်သဖြင့် လာမည့်‌ လေးရက်အတွင်း မိုးရွာသွန်းမှုလျော့နည်းမည် ဖြစ်ကြောင်းသိရသည်။

ဇွန် ၄ ရက်မှ ၈ ရက်နေ့အထိ ပုံမုန်မုတ်သုံမိုးသာ ရှိနိုင်သောကြောင့် မြန်မာတစ်ပြည်လုံးတွင် မိုးလျော့ကာနံနက်ပိုင်းနေသာပြီး ညနေပိုင်းတွင် မိုးရွာနိုင်ကြောင်းဦးဝေဖြိုးဟန် (လေကြောင်းမိုးလေဝသ) က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မျှဝေထားသည်။

လာမည့် ဇွန် ၅ ရက်နေ့ နံနက်ပိုင်းတွင်မူ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်နီ ( ကယားပြည်)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမိုးရွာမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင်မူ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ကာ ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး ယင်းတို့ရွေ့လျားရာနေရာများတွင် မိုးထစ်ချုန်းခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက အသိပေးထားသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်

#လာမည့်ရက်ပိုင်း #မိုးရွာသွန်းမှုလျော့ကျ #ပုံမှန်မုတ်သုံမိုးရွာသွန်းနိုင် #အချို့ပြည်နယ်မိုးကြီး #Ayeyarwaddy_Times