
ဧရာ၀တီတိုင်းမ်
(ကျောင်းကုန်း) ဇွန် ၄ ရက်
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်းကျေးရွာအနီး မိုင်တိုင်အမှတ်(၇၇/၇)မိုင်တွင် ယနေ့ ဇွန် ၄ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ကျုံပျော်မြို့မှ ရန်ကုန်သို့ မောင်းနှင်လာသော ခရီးသည်တင် ယာဉ်တစ်စီး လမ်းဘေးထိုးကျကာ သစ်ပင်ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး၊ ယာဉ်ပေါ်ပါ ခရီးသည် ၁၁ ဦးမှာ မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာသို့ ကျောင်းကုန်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ဒဏ်ရာရရှိသူများနှင့် သေဆုံးသူတို့ကို ကျောင်းကုန်း လူငယ်နာရေးကူညီမှုအသင်းယာဉ်ဖြင့် ကျောင်းကုန်းပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန
#ကျုံပျော်ရန်ကုန် #ခရီးသည်တင်ယာဉ် #လမ်းဘေးထိုးကျ #ယာဉ်မောင်းသေဆုံး #၁၁ဦးဒဏ်ရာရ #Ayeyarwaddy_Times