ဧရာဝတီတိုင်းမ်
ဇွန် ၄ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲမှ ရရှိလာသည့် လက်နက်များကို Cobra Column 2 Venon စစ်ကြောင်းမှ ထုတ်ပြန်ပြသခဲ့သည်။

ယမန်နေ့ ဇွန် ၃ ရက် ညနေပိုင်းအချိန်က သေ့ဘောဘိုးစခန်းကို KNLA, PDF ဗျူဟာ ၃၂ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ Cobra Column 2 Venon စစ်ကြောင်းမှ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ သုံးစီး၊ Y 12 နှစ်စီး၊ စုစုပေါင်း ငါးစီးတို့ဖြင့် လေကြောင်းမှ ဆက်တိုက်ဗုံးကြဲခဲ့ပြီး ဝေါ်လေဗျူဟာမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက်ပေးနေသည့်ကြားမှ သေ့ဘောဘိုးစခန်းကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စခန်းသိမ်းယူပြီးနောက် ၁၂၀ မမ အပါအဝင် လက်နက်ကြီးများနှင့် အခြားလက်နက်ခဲယမ်းအများအပြားကို စစ်ကောင်စီထံမှ သိမ်းယူရရှိခဲ့ခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ စစ်ကောင်စီ၏ စခန်းများစွာကို KNU, KNLA နှင့် PDF တပ်ပေါင်းစုတို့က တောက်လျှောက်သိမ်းယူခဲ့ရာ ယခုဆိုလျှင် သိမ်း ယူရန် စစ်ကောင်စီစခန်း လေးခုသာကျန်ရှိတော့ကြောင်း သိရသည်။

ဓာတ်ပုံ-Cobra Column 2 Venon
#ကရင် #မြဝတီ #သေ့ဘောဘိုး #စစ်ကောင်စီ #လက်နက်ခဲယမ်း #သိမ်းဆည်းရမိ #Ayeyarwaddy_Times