
(ရုရှားဗုံးကြဲလေယာဉ်တွေရဲ့ ဆုံးရှုံးမှုပမာဏဟာ ဒေါ်လာ ၇ ဘီလီယံအထိရှိ)
ဧရာဝတီတိုင်းမ်
ဇွန် ၄ ရက်
ပြီးခဲ့တဲ့အပတ်က ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှားရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေ ယာဉ်တွေ ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့တယ်လို့ တိုက်ခိုက်မှုအပြီး ရုရှားလေတပ်အခြေစိုက်စခန်းတစ်ခု ကို ရိုက်ကူးခဲ့တဲ့ ဂြိုဟ်တုဓာတ်ပုံတွေက ဖော်ပြနေပါတယ်။
ယူကရိန်းနိုင်ငံဟာ ဒရုန်း ၁၁၇ စင်း အသုံးပြုပြီး ရုရှားနိုင်ငံတွင်းရှိ လေတပ်အခြေစိုက်စခန်းလေး ခုကို တိုက်ခိုက်ခဲ့တာပါ။
ဂြိုဟ်တုကုမ္ပဏီတစ်ခုဖြစ်တဲ့ Capella Space က ဆိုက်ဘေးရီးယားဒေသ၊ Irkutsk ဒေသမှာ တည်ရှိတဲ့ ဇွန်လ ၂ ရက်မှာ ရိုက်ကူးထားတဲ့ လေယာဉ်ကွင်းတစ်ခုရဲ့ပုံကို ရိုက်တာသတင်းဌာနသို့ ပေး အပ်ခဲ့ပါတယ်။
အဆိုပါဂြိုဟ်တုဓာတ်ပုံအရ ရုရှားရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေဖြစ်တဲ့ Tu-95 နဲ့ Tu-22 လေယာဉ်များစွာဟာ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါ တယ်။
ယူကရိန်းဟာ ဒေသ (၅) ခုရှိ စစ်ဘက်လေယာဉ်ကွင်းတွေကို ပစ်မှတ်ထားပြီး ဒရုန်းတိုက်ခိုက်မှု တွေ လုပ်ဆောင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
“Spider’s Web” လို့ခေါ်တဲ့ ဒရုန်းစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တယ်လို့ ယူကရိန်း ပြည်တွင်းလုံ ခြုံရေးအေဂျင်စီ (SBU) က ပြောကြားခဲ့ပြီး ရုရှားစစ်လေယာဉ် ၄၁ စင်းကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
၂၆၇၀ မိုင်အကွာမှ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တဲ့ အဆိုပါတိုက်ခိုက်မှုဟာ အလွန်ပြောင်မြောက် တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
ဒရုန်းတွေနဲ့တိုက်ခိုက်ရာမှာ ရုရှားစစ်လေယာဉ် ၄၀ စင်းကို ထိမှန်ခဲ့ပြီး ၁၃ စင်း ပျက်စီးခဲ့တယ် လို့ ယူကရိန်း အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီမှ တာဝန်ရှိသူ အန်ဒရေကိုဗာလန်ကိုက ပြောပါတယ်။
ရုရှားစစ်တပ် အသုံးပြုနေတဲ့ စစ်လေယာဉ် ၁၂ စင်း ဒရုန်းတိုက်ခိုက်မှုကြောင့် ထပ်မံ ဆုံးရှုံးခဲ့ တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။
ဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှားရဲ့ ဆုံးရှုံးမှုပမာဏဟာ ဒေါ်လာ ၇ ဘီလီယံ ရှိခဲ့ပြီး ရုရှားရဲ့ အဓိ က လေယာဉ်ကွင်းတွေရှိ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တင်လေယာဉ် ၃၄ ရာခိုင်နှုန်းကို ထိမှန်ခဲ့ တယ်လို့ ယူကရိန်း ပြည်တွင်းလုံ ခြုံရေးအေဂျင်စီ (SBU) က ဆိုပါတယ်။
ကိုးကား – Reuters
Ref; Satellite imagery shows Ukraine attack destroyed and damaged Russian bombers
#Ayeyarwaddy_Times