
ဧရာဝတီတိုင်းမ်
ဇွန် ၄ ရက်
အင်္ဂါနေ့အစောပိုင်းက မြေငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် ပါကစ္စတန်နိုင်ငံရဲ့ အကြီးမားဆုံးမြို့ ကရာချိမြို့တော်ရှိ အကျဉ်းထောင်တစ်ခုမှ အကျဉ်းသား ၂၀၀ ကျော် လွတ်မြောက်သွားခဲ့တယ်လို့ ရဲတပ် ဖွဲ့က ပြောပါတယ်။
ထောင်ချီတဲ့ အကျဉ်းသားတွေဟာ မြေငလျင် လှုပ်ခတ်ပြီးနောက် ကရာချိမြို့တော်ရှိ မာလီယာ အကျဉ်းထောင်ရဲ့ တံခါးတွေ၊ အကျဉ်းတိုက်တံခါးတွေနဲ့ ပြတင်းပေါက်တွေကို ချိုးဖျက်ခဲ့ပါတယ်။
အကျဉ်းသား ၈၀ ဉီးကို ပြန်လည်ဖမ်းဆီးမိခဲ့ပြီး လွတ်မြောက်သွားတဲ့ အကျဉ်းသား ၁၃၀ ကျော် ကို ရှာဖွေနေပါတယ်။ ဖြစ်စဉ်အတွင်း အကျဉ်းသားတစ်ဉီး သေဆုံးကာ အကျဉ်းထောင်ဝန်ထမ်းနှစ်ဉီး ဒဏ်ရာရရှိခဲ့ပါတယ်။
အဆောက်အအုံပြိုကျမှာကို ကြောက်ရွံ့တာကြောင့် သန်းခေါင်ယံအချိန်မှာ အကျဉ်းသားတွေက အကျဉ်းတိုက်တွေထဲမှ အော်ဟစ်ခဲ့ကြတယ်လို့ အကျဉ်းထောင် အရာရှိတစ်ဉီးက ပြောပါတယ်။
ကစဉ့်ကလျားအခြေအနေဟာ အကြမ်းဖက်မှု ဖြစ်လာခဲ့တာကြောင့် အကျဉ်းထောင်ဝန်ထမ်း တွေက သတိပေးပစ်ခတ်ခဲ့ပါတယ်။
အကျဉ်းသားများစွာက အကျဉ်းတိုက်တွေသို့ ပြန်သွားခဲ့ပေမယ့် အခြားအကျဉ်းသားတွေက အ ကျဉ်းထောင်ပင်မတံခါးဝကို စီးနင်းကာ အကျဉ်းသား ၂၁၆ ဉီး ထွက်ပြေးလွတ်မြောက်ခဲ့တာပါ။
ဆင်းဂျ်ပြည်နယ်ရဲ့ ဒုတိယအကြီးမားဆုံး အဆိုပါအကျဉ်းထောင်ဟာ အကျဉ်းသား ၂၂၀၀ အထိ သာ ထားရှိနိုင်ပေမယ့် လက်ရှိမှာ အကျဉ်းသား ၅၀၀၀ ထက်မနည်း ရှိနေတယ်လို့ သိရပါတယ်။
ပြည်နယ် အကျဉ်းထောင်ဆိုင်ရာဝန်ကြီး အလီဟတ်ဆန်ဇာဒါရီက စုံစမ်းစစ်ဆေးမှုတစ်ရပ်ပြု လုပ်ဖို့ ညွှန်ကြားခဲ့ပြီး စည်းကမ်းဖောက်သူ မည်သူကိုမဆို အရေးယူမယ်လို့ သတိပေးခဲ့ပါတယ်။
ဖြစ်စဉ်ဟာ လုံခြုံရေးဆိုင်ရာ သတိလစ်ဟင်းမှုကြောင့်မဟုတ်ဘဲ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပွားခဲ့တာလို့ ထောင်မှူးက ပြောကြားခဲ့ပြီး အကျဉ်းထောင်ရှိ လုံခြုံရေးအဖွဲ့ကို အမြင့်ဆုံးအဆင့် တပ် လှုန့်ထားတယ်လို့ ဆိုပါတယ်။
အကျဉ်းသားတွေရဲ့ မိသားစုတွေက အကျဉ်းထောင်အပြင်ဘက်မှာ ဆန္ဒပြခဲ့ကြပြီး ထောင်ဝင်စာ တွေ့ခွင့် ရွှေ့ဆိုင်းလိုက်လို့ အခြားအကျဉ်းသားတွေရဲ့ ဆွေမျိုးတွေ အဆင်မပြေဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ကိုးကား – BBC
Ref; More than 200 inmates escape Pakistan jail after earthquake
#Ayeyarwaddy_Times