
ပုသိမ်မှာ ဆိုင်ကယ်ခိုးလို့ ပြည်သူတွေဝိုင်းဝန်းဖမ်းဆီးရာမှ ရေနစ်သေဆုံးသူရဲ့ အလောင်းပြန်တွေ့
ညီညီမင်း/ဧရာဝတီတိုင်းမ်
(ပုသိမ်)၊ သြဂုတ်လ ၂၈ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို မှာ သြဂုတ်လ၂၇ရက်နေ့ မနက်၆နာရီအချိန်က အမှတ်(၃) ရပ်ကွက်ကန်သုံးဆင့်ကန်မှာ ရေနစ်သေဆုံးသွားတဲ့ ဆိုင်ကယ်သူခိုးရဲ့ ရုပ်အလောင်းကိုပြန်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“သူနစ်သွားတဲ့နေရာမှာပဲပြန်ပေါ်လာတာ။ ခုသေသွားတဲ့လူက ဟိုဘက်ကမ်း သင်္ဘောကျဥ်းကတဲ့။ ပြည်သူတွေဖမ်းပေးလူကကွမ်းခြံကလို့ပြောတယ်ါ ဆိုင်ကယ်လာခိုးတုန်းက လေးယောက်လာတယ်တဲ့။ ၂ယောက်လွတ်နေသေးတယ်” လို့
ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ပုသိမ်တက္ကသိုလ်၀န်းထဲမှာ ဆိုင်ကယ်သူခိုး ၂ ဦးကိုပြည်သူတွေက ဝိုင်း၀န်းဖမ်းဆီးခဲ့ရာမှာ သူတို့နှစ်ဦးဟာ တက္ကသိုလ်ဘက်ကနေ ကန်သုံးဆင့်ကန်ကို ဖြတ်ကူးပြေးရာက တစ်ဦးဖမ်းမိပြီး တစ်ဦးကရေနစ်သေဆုံးခဲ့တာလို့ ဒေသခံတွေဆီကသိရပါတယ်။
#ပုသိမ် #ဆိုင်ကယ် #သူခိုး #ရေနစ်သေဆုံး
#Ayeyarwaddy_Times