ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ တိုက်ပွဲဝင်နေတာကို ထောက်ခံအားပေးတယ်လို့ မလေးရှား ပြော

ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၇ ရက်

မလေးရှားနိုင်ငံက ရိုဟင်ဂျာလူမျိုးတွေ နိုင်ငံသားတွေအဖြစ် မြန်မာနိုင်ငံသို့ နေရပ်ပြန်ဖို့ တိုက်ပွဲဝင်နေ တာကို ထောက်ခံအားပေးတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနှင့် အခြားနိုင်ငံရှိ ရိုဟင်ဂျာပြည်သူတစ်သန်းကျော်ရဲ့ အတိဒုက္ခကို နိုင်ငံတကာ အသိုင်းအဝိုင်းက မေ့မထားသင့်ဘူးလို့ ဆိုင်ဖူဒင်က ဆိုပါတယ်။

“ရိုဟင်ဂျာပြည်သူတွေက နိုင်ငံသားဖြစ်ခွင့် ငြင်းဆန်ခံရပြီး မြန်မာနိုင်ငံက အခြားသူတွေလို နိုင်ငံသားဖြစ် ခွင့် တိုက်ပွဲဝင်နေတာကို ကျွန်တော်တို့ ထောက်ခံပြီး အပြစ်ရှိသူတွေကို အပြစ်ပေးဖို့ကြိုးပမ်းမှုတွေကို အားပေးပါ တယ်” လို့ သူက ပြောပါတယ်။

“ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်ခွင့် ကြိုးပမ်းမှုတွေက မြန်မာ့ပဋိပက္ခမှာ ကြီးမားတဲ့ပြဿနာတစ်ခု ဖြစ် တာကြောင့် အာဆီယံလိုမျိုး နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ခံသင့်ပါတယ်” လို့ ၄င်းက သတင်းစာရှင်းလင်း ပွဲတစ်ခုမှာ ပြောပါတယ်။

ပုံမှန်ဘဝပြန်ရောက်ဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရရှိရေးအတွက် NUG၊ NUCC တို့နဲ့ လက်တွဲ ဆောင်ရွက်လိုတဲ့ ရိုဟင်ဂျာတွေရဲ့ ကြိုးပမ်းမှုကို ထောက်ခံတယ်လို့ ဆိုင်ဖူဒင်က ပြောပါတယ်။

ရိုဟင်ဂျာလူမျိုးတွေ လူမျိုးသုဉ်းသတ်ဖြတ်ခံရသည့် ငါးနှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားအဖြစ် ရိုဟင်ဂျာအသိုင်းအဝိုင်းက ကမကထပြုလုပ်တဲ့ အခမ်းအနားတွေကို ဆိုင်ဖူဒင်က အွန်လိုင်းမှတစ်ဆင့် တက် ရောက်ခဲ့ပါတယ်။

ICJ မှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ပတ်သက်လို့ တရားစွဲဆိုထားတာရှိနေတဲ့အပြင် ရို ဟင်ဂျာ တက်ကြွလှုပ်ရှားသူတွေက အာဂျင်တီးနားနိုင်ငံက တရားရုံးမှာ တရားစွဲဆိုမှု လုပ်ဆောင်နေပြီလို့ သူက ဆိုပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်မှာ မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ဆင်ရေးတစ်ရပ် ပြုလုပ်တာကြောင့် ရိုဟင်ဂျာလူမျိုးများစွာ သတ်ဖြတ်ခံပြီး သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။

ဓာတ်ပုံ-လူမှုကွန်ယက်။

ကိုးကား – Bernama
Ref; Malaysia supports Rohingya struggle to return to Myanmar