
ဓနုဖြူမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက လျှပ်စစ်မီးမပေးဘဲ မီတာခခြိမ်းခြောက်ကောက်ခံနေ (၁ မိနစ်ရုပ်သံ)
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၇ ရက်
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေက ကျေးရွာအချို့ဆို လျှပ်စစ် မီးမပေးဘဲ မီတာကောက်ခံတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
ကျေးရွာတွေမှာ ကိုယ်ထကိုယ်ထစနစ်နဲ့ မီတာချိတ်ပြီး မီးကြိုးသွယ်တန်းတာတွေပြုလုပ်ပြီးပေမယ့် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ မင်းကျော်ဦးက သူ့အဖွဲ့နဲ့မလုပ်လို့ မီးမလွှတ်ပေးသလို ကျေးရွာတွေက မီးလင်ရေး တာဝန်ရှိသူတွေကို ခံဝန်ထိုးခိုင်းပြီး လျှပ်စစ်မီတာထိန်းသိမ်းခဆိုကာ ငွေကောက်ခံတာတွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ရုပ်သံ – ဧရာဝတီတိုင်းမ်