
“နွေဦးတော်လှန်ရေးဟာ ဘုန်းကြီးတွေရဲ့ မျက်နှာဖုံးတွေကို ကွာကျစေခဲ့တယ်” (မြဝတီမင်းကြီးဆရာတော်နှင့် တွေ့ဆုံမေးမြန်းချက်)
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၇ ရက်
မြဝတီမင်းကြီးဆရာတော်လို့ လူသိများထင်ရှားတဲ့ ဆရာတော် ဘဒ္ဒန ္တအရိယာဝံသဟာ ဗုဒ္ဓစာပေကျမ်းဂန် တတ်ကျွမ်းတဲ့ ဆရာတော်တစ်ပါးဖြစ်ပြီး သတင်းမီဒီယာတွေမှာ လူသိထင်ရှားဝေဖန်ပြောဆိုမှုတွေကြောင့် စစ်တပ်အာဏာသိမ်း ပြီးတဲ့နောက် မန္တလေးမြို့မှာ အစောဆုံးအဖမ်းခံရတဲ့ဆရာတော်တစ်ပါး ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် မြန်မာနိုင်ငံမှာ ပြည်သူတွေ ထောင်နဲ့ချီသေဆုံးခဲ့သလို လူသန်းနဲ့ချီ အတိဒုက္ခရောက်နေချိန်မှာ အရေအတွက် ပမာဏ ၄ သိန်းကျော်ရှိတဲ့ သံဃာတော်တွေက နှုတ်ဆိတ်နေသလို ဒေသအများအပြားမှာ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ သံဃာတွေကို လောဘကြီးသူတွေ၊ လိမ်ညာနေသူတွေ၊
အမှားအမှန် မသိသူတွေလို့ မြဝတီမင်းကြီးဆရာတော်က ဝေဖန်ပြောဆိုပါတယ်။
ရိုက်ကူး/ထုတ်လုပ် – ဧရာဝတီတိုင်းမ်
#မြဝတီမင်းကြီး #ဆရာတော် #မန္တလေး #Ayeyarwaddy_Times