စစ်ကောင်စီက တရုတ်နဲ့ထိုင်းသို့ ဓာတ်ငွေ့တင်ပို့မှုမှ လေးလအတွင်း ဒေါ်လာ သန်း ၈၀၀ ရရှိ

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၇

မြန်မာနိုင်ငံက ဧပြီလမှ ဇူလိုင်လအတွင်း တရုတ်နဲ့ထိုင်းသို့ ဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ် လာ သန်း ၈၀၀ ရရှိခဲ့တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ပြောကြားပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း စစ်တပ်က ရွေးကောက်ခံအစိုးရကိုဖြုတ်ချကာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင် ငံက ကစဉ့်ကလျားအခြေအနေ ရောက်ရှိနေပြီး စီးပွားရေးလည်း ပြိုလဲခဲ့ရပါတယ်။

လေးလအတွင်း ရတနာ၊ ရဲတံခွန်၊ ရွှေနဲ့ ဇောတိကလုပ်ကွက်တွေမှ ဓာတ်ငွေ့ ၇၇ ဒသမ ၈၉ သန်း ကီလိုမီ တာကို ဓာတ်ငွေ့ပိုက်လိုင်းတွေမှတစ်ဆင့် တင်ပို့ခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဓာတ်ငွေ့တင်ပို့မှုမှဝင်ငွေက ပြီးခဲ့တဲ့နှစ် အလားတူကာလထက် ဒေါ်လာ သန်း ၆၀ ပိုများလာခဲ့တယ်လို့ အဲဒီဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်းနိုင်ငံမှ PTT Exploration and Production က ရတနာ၊ ရဲတံခွန်နဲ့ ဇောတိကလုပ်ကွက်တွေကနေ ဓာတ်ငွေ့တွေ ထုတ်လုပ်တင်ပို့ပါတယ်။ မြန်မာနိုင်ငံက ထိုင်းနိုင်ငံရဲ့ဓာတ်ငွေ့လိုအပ်ချက် ၁၄ ရာခိုင်နှုန်းကို တင်ပို့ တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း လူသားချင်းစာနာမှု အခြေအနေ ဆိုးရွားလာတာကြောင့် အခြား စွမ်းအင် ကုမ္ပဏီကြီးတွေဖြစ်တဲ့ ချေဗရွန်နဲ့ တိုတယ်တို့က မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပါတယ်။

ပြင်သစ်စွမ်းအင်ကုမ္ပဏီ တိုတယ် ရတနာဓာတ်ငွေ့လုပ်ကွက်မှ ထွက်ခွာသွားပေမယ့် ထိုင်းနိုင်ငံမှ PTT Exploration and Production က ဝင်ရောက်လုပ်ကိုင်မယ်လို့ သိရပါတယ်။

ကိုးကား – Reuters

Ref; Myanmar Earns $800M from April-July Gas Exports