
(နျူစွမ်းအင်သုံး ရေငုပ်သင်္ဘော ၁၂ စင်းအထိ တည်ဆောက်ဖို့ ဗြိတိန် စီစဉ်)
ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်
ဗြိတိန်အစိုးရဟာ လာမယ့်ဆယ်စုနှစ်အတွက် ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာကို ထုတ်ပြန် လိုက်တယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ် ကီယာစတန်မာရဲ့ အစိုးရအဖွဲ့ဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လနောက်ပိုင်း ဗြိတိန်နိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာကို ပြန်လည်သုံးသပ်လျက်ရှိပါတယ်။
ဗြိတိန်အစိုးရဟာ ရုရှားနိုင်ငံရဲ့ ခြိမ်းခြောက်ကမှုကို တန်ပြန်နိုင်မယ့် အစီအမံတွေကို တနင်္လာနေ့ က ထုတ်ပြန်ခဲ့ပါတယ်။
အစီအမံတွေထဲမှာ ရန်ပုံငွေအစီအစဉ်တစ်ခုမှာ စတာလင်ပေါင် ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံရေးနဲ့ နျူကလီးယားစွမ်အင်သုံး ရေငုပ်သင်္ဘော ၁၂ စင်းအထိ တည်ဆောက်ရေးတို့ ပါဝင်ပါတယ်။
စစ်သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေနဲ့ အလိုအလျောက် ရေယာဉ်တွေ ဖြန့်ကြက်မယ့် ရေတပ် တစ်ခု ဖွဲ့စည်းဖို့နဲ့ အမြဲတမ်းတပ်ဖွဲ့ဝင်အရေအတွက် တိုးမြှင့်ဖို့လည်း ဗြိတိန်အစိုးရက စီစဉ်နေပါတယ်။
“ကျွန်တော်တို့ဟာ ဉရောပတိုက်မှာ စစ်ပွဲ၊ နျူကလီးယားအန္တရာယ်တွေ၊ နေ့စဉ် ဆိုက်ဘာတိုက် ခိုက်မှုတွေ၊ ရေပိုင်နက်အတွင်း ရုရှားရဲ့ကျူးကျော်မှုနဲ့ ဝေဟင်ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရပါတယ်။ ခြိမ်းခြောက်မှုတွေကို ဟန့်တားနိုင်မယ့် အထိရောက်ဆုံးနည်းလမ်းမှာ ဗြိတိန်နိုင်ငံက အင်အားမှတစ် ဆင့် ငြိမ်းချမ်းရေးလုပ်ဆောင်ခြင်း အသင့်ဖြစ်ရေး ပြသဖို့ဖြစ်ပါတယ်” လို့ ကီယာစတန်မာက ပြောပါ တယ်။
ယခုအစီအမံအရ ဗြိတိန်အစိုးရရရဲ့ ကာကွယ်ရေးဘတ်ဂျက်ကို GDP ရဲ့ ၃ ရာခိုင်နှုန်း သုံးစွဲရေး ရည်မှန်းချက်ဟာ ၂၀၃၀ ပြည့်နှစ်မှာ ပြည့်မီမယ်လို့ သိရပါတယ်။
အတိုက်အခံပါတီတွေက ဗြိတိန်အစိုးရရဲ့ အစီအမံတွေကို ဝေဖန်ခဲ့ပြီး အစီအစဉ်တွေကို မည်ကဲ့ သို့ ငွေကြေးထောက်ပံ့မည်ဆိုတာ မရှင်းလင်းဘူးလို့ ပြောပါတယ်။
ကိုးကား – NHK
Ref; Britain unveils defense overhaul to counter ‘pressing’ threat
#Ayeyarwaddy_Times