
ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တရုတ်နိုင်ငံက ကုန်သွယ်ရေး သဘောတူညီချက်ကို ချိုး ဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ အခြေအမြစ်မရှိဘူးလို့ တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက တုံ့ပြန်လိုက်ပါတယ်။
အမေရိကန်နဲ့တရုတ်ကြား စည်းကြပ်ခွန် ၁၁၅ ရာခိုင်နှုန်းစီ သတ်မှတ်ဖို့ပါရှိတဲ့ ကုန်သွယ်ရေး သ ဘောတူညီချက်ဟာ မေလအတွင်း ဂျီနီဗာမြို့မှာကျင်းပတဲ့ ဆွေးနွေးပွဲမှာ ရရှိခဲ့တာပါ။
တရုတ်နိုင်ငံက အဆိုပါ သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က လူမှုကွန် ရက်မှာ ရေးသားခဲ့ပါတယ်။ တရုတ်နိုင်ငံက မြေရှားသတ္တုတင်ပို့မှုကို ထိန်းချုပ်နေတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။
တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ထုတ်ပြန်ချက်တစ် ခုအတွင်း စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး ဂျီနီဗာ သဘောတူညီချက်ကို တာဝန်သိသိ စောင့်ထိန်းခဲ့တယ်လို့ ပြောပါတယ်။
သဘောတူညီချက် ရရှိပြီးနောက် အမေရိကန်နိုင်ငံဟာ တရုတ်အပေါ် ခွဲခြားဆက်ဆံသော အစီ အမံတွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ တရားဝင် အခွင့်အရေးတွေကို ဆိုးရွားစွာ ထိခိုက်စေတယ် လို့ ဝါရှင်တန်ရဲ့ တရုတ်ကျောင်းသားတွေရဲ့ ဗီဇာဖျက်သိမ်းမယ့် အစီအစဉ်ကို ကိုးကားပြီး ထုတ်ပြန်ချက် က ဆိုပါတယ်။
အမေရိကန်နိုင်ငံက တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို ဆက်လက်ပြီး ထိခိုက်စေပါက တရုတ် နိုင်ငံက သေချာပေါက် လက်တုံ့ပြန်မယ်လို့ ထုတ်ပြန်ချက်က ပြောပါတယ်။
ကိုးကား – NHK
Ref; China rejects Trump’s claim it violated trade agreement
#Ayeyarwaddy_Times