ဧရာဝတီတိုင်းမ်
ဇွန် ၂ ရက်

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းသွား ကားလမ်းပေါ်တွင် ခရီးသည်တင် Express ကားတိမ်းမှောက်ပြီး ခရီးသည် ခြောက် ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

မိတ္ထီလာ-ကျောက်ပန်းတောင်းသွားလမ်း မိုင်တိုင်အမှတ် ၁၄/၃ နှင့် ၁၄/၄ ကြားတွင် ယနေ့ ဇွန် ၂ ရက် နံနက် ၃ နာရီ ၃၀ မိနစ်ခန့်က ခရီးသည်တင် Express ကား တိမ်းမှောက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ ကားကဘေးစောင်းလဲကျနေတာ။ လူတွေက ကားအောက်မှာ ပိနေတာ။ ရုပ်အလောင်းတွေတော့ ကားကို မ,ယူပြီးမှ ထုတ်လို့ရခဲ့တာပါ”ဟု ဒေသခံကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် ခြောက်ဦး အခင်း ဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာများရရှိသူ ၁၁ ဦးကို မိတ္ထီလာပြည်သူ့ဆေးရုံကို ပို့ဆောင်ထားကြောင်း သိရသည်။

ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
#မန္တလေး #မိတ္ထီလာ #မိတ္ထီလာ_ကျောက်ပန်းတောင်း #ခရီးသည်တင် #Express #တိမ်းမှောက် #သေဆုံး #Ayeyarwaddy_Times