ဧရာဝတီတိုင်းမ်
ဇွန် ၂ ရက်

အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth ရဲ့ တရုတ်နိုင်ငံဟာ ဒေသတွင်း ခြိမ်းခြောက်မှု ဆိုတဲ့ ပြောဆိုချက်ကို တုံ့ပြန်မှုအဖြစ် ထိုင်ဝမ်အရေးမှာ မီးနဲ့ မကစားဖို့ အမေရိကန်နိုင်ငံကို တရုတ်က သတိပေးလိုက်ပါတယ်။

တရုတ်နိုင်ငံဟာ အာရှရဲ့ အင်အားချိန်ခွင်လျာကို ပြောင်းလဲမယ့် စစ်ရေးဆောင်ရွက်ဖို့ ပြင်ဆင် နေပြီး ထိုင်ဝမ်ကို ကျူးကျော်သိမ်းပိုက်ဖို့ ဇာတ်တိုက်နေတယ်လို့ စနေနေ့က စင်ကာပူမှာကျင်းပတဲ့ ရှန်ဂ ရီလာဆွေးနွေးပွဲမှာ ၎င်းက ပြောပါတယ်။

ထိုင်ဝမ်ပြဿနာဟာ ပြည်တွင်းရေးဖြစ်ပြီး ထိုင်ဝမ်ကိစ္စကို အသုံးမချဖို့ ပြည်ပအင်အားကြီးတိုင်း ပြည်တွေကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုကြောင့် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့ အရေးပါတဲ့ လုံခြုံရေး မဟာမိတ် ဩစတြေးလျအပါအဝင် အာရှ-ပစိဖိတ်ဒေသရှိ မဟာမိတ်တွေကို Pete Hegseth က တောင်း ဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ အာရှ-ပစိဖိတ်ဒေသမှာ မတည်မငြိမ်ဖြစ်စေတယ်လို့ တရုတ်နိုင်ငံက ဆိုပြီး ဝါရှင်တန်ဟာ တောင်တရုတ်ပင်လယ်မှာ လက်နက်တွေ ဖြန့်ကြက်ကာ ဒေသတွင်း တင်းမာမှုတွေ ပိုဆိုး ရွားစေခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။

တရုတ်နဲ့ဖိလစ်ပိုင်ဟာ တောင်တရုတ်ပင်လယ်တွင်းရှိ ကျွန်းစုပိုင်ဆိုင်မှုတွေနဲ့ပတ်သက်လို့ အ ငြင်းပွားနေပြီး နှစ်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့တွေကြား ထိပ်တိုက်တွေ့ဆုံမှုတွေ ကြီးမားလာပါတယ်။

ပင်လယ်ရေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံရဲ့ ပြောဆိုချက် တွေကို တရုတ်နိုင်ငံက ပယ်ချခဲ့ပြီး ဒေသတွင်း တင်းမာမှုတွေဖြေရှင်းမယ့် ဆွေးနွေးမှုတွေပြုလုပ်ကာ နိုင် ငံတကာဥပဒေနဲ့အညီ ပိုင်နက်နယ်မြေကို ကာကွယ်စောင့်ရှောက်ခဲ့တယ်လို့ ဆိုပါတယ်။

“အမေရိကန်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ဖျက်ဆီးနေ တဲ့ အကြီးမားဆုံး အခြေခံအကြောင်းရင်း ဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

တရုတ် ကာကွယ်ရေးဝန်ကြီး ဒေါင်ဂျန်ဟာ ရှန်ဂရီလာ ဆွေးနွေးပွဲကို မတက်ရောက်ပဲ အဆင့်နိမ့် ကိုယ်စားလှယ်တွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့သာ စေလွှတ်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၁ ခုနှစ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရှန်ဂရီလာ ဆွေးနွေးပွဲကို ဖျက် သိမ်းခဲ့တာကလွဲရင် တရုတ်နိုင်ငံက အဆိုပါဆွေးနွေးပွဲကို ကာကွယ်ရေးဝန်ကြီး မစေလွှတ်တာ ၂၀၁၉ ခု နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးအင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့အမေရိကန်ကြား ဒေါ်နယ် ထရမ့်ရဲ့ ကုန်သွယ်ရေးစစ်ပွဲနဲ့ စည်းကြပ်ခွန် ခြိမ်းခြောက်မှုတွေကြောင့် တင်းမာမှုတွေ မြင့်တက်နေပါ တယ်။

ကိုးကား – Aljazeera
Ref; China warns US not to ‘play with fire’ over Taiwan

#Ayeyarwaddy_Times