
ဧရာဝတီတိုင်းမ်
ဇွန် ၂ ရက်
ယူကရိန်းနိုင်ငံဟာ တနင်္ဂနွေနေ့က ဆိုက်ဘေးရီးယားဒေသ၊ စစ်ဘက်စခန်းတစ်ခုရှိ နျူကလီး ယား တာဝေးသွား ဗုံးကြဲလေယာဉ်တွေကို တိုက်ခိုက်ခဲ့ရာ မိုင် ၂၆၇၀ အကွာအဝေးမှ ပထမဆုံးသော တိုက်ခိုက်မှုလို့ သိရပါတယ်။
Irkutsk မြို့မြောက်ဘက် ဘယ်လာယာလေတပ်အခြေစိုက်စခန်းရှိ တာဝေးရှိ ပစ်မှတ်တွေကို နျူ ကလီးယားဗုံးကြဲရတဲ့ ရုရှားရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ မီးလောင်နေတာကို လူမှုကွန် ရက်မှာတင်ထားတဲ့ အတည်မပြုနိုင်သော ရုပ်သံဖိုင်တွေ၊ ဓာတ်ပုံတွေက ဖော်ပြခဲ့ပါတယ်။
ယူကရိန်း ပြည်တွင်းလုံခြုံရေးအေဂျင်စီ (SBU) က ရုရှားစစ်လေယာဉ် အစင်း ၄၀ ကျော်ကို ဒ ရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း ထောက်လှမ်းရေး တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
ဒရုန်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ရုရှားလေယာဉ်တွေထဲမှာ Tu-95 နဲ့ Tu-22 မဟာဗျူ ဟာမြောက် ဗုံးကြဲလေယာဉ်တွေ ပါဝင်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ယူကရိန်း သတင်းရင်းမြစ်က ပြော ပါတယ်။
Usolsky ခရိုင်ရှိ ကျေးရွာတစ်ရွာအနီး စစ်ဘက်စခန်းတစ်ခုအပေါ် ဒရုန်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ တယ်လို့ Irkutsk မြို့ အုပ်ချုပ်ရေးမှူး အိုင်ဂေါကော့ဘ်ဇက်ဗ်က ပြောပါတယ်။
ဘယ်လာယာလေတပ်အခြေစိုက်စခန်းဟာ Sredny ရွာအနီး တည်ရှိပြီး အဆိုပါလေတပ်စခန်း မှာ Tupolev T-22M အသံထက်မြန်သော တာဝေးသွား မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေရှိ တယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံမြောက်ပိုင်း Murmansk ဒေသမှာလည်း ယူကရိန်းက ဒရုန်းတိုက်ခိုက်မှုတစ်ခု လုပ် ဆောင်ခဲ့တယ်လို့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။
ကိုးကား – Reuters
Ref; Ukraine attacks Russian nuclear-capable bombers in Siberia
#Ayeyarwaddy_Times