ဧရာဝတီတိုင်းမ်
ဇွန် ၁ ရက်

လက်ရှိမြန်မာ့အရေးမှာ တာရှည်ခံသော အဖြေတစ်ခုရှာဖို့ ကြိုးပမ်းမှုအနေနဲ့ ကွာလာလမ်ပူမြို့ တော်မှာ တွေ့ဆုံဆွေးနွေးကြဖို့ မြန်မာပဋိပက္ခမှာပါတဲ့ အဖွဲ့အစည်းတွေကို မလေးရှားနိုင်ငံက ဖိတ်ကြား ခဲ့ကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောပါတယ်။

တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားချက်ကို ပြီးခဲ့တဲ့လအတွင်း မြန်မာပဋိပက္ခမှာပါတဲ့ အဖွဲ့အစည်းတွေ ထံ ပေးပို့ခဲ့တာလို့ ၎င်းက ပြောပါတယ်။

“ထိတွေ့ဆက်ဆံမှု ဆက်လက်ပြုလုပ်နိုင်ရေး အဖွဲ့တွေ၊ တာဝန်ရှိသူတွေနဲ့ စစ်ဘက်အရာရှိတွေ စေလွှတ်ကြဖို့ အာဆီယံခေါင်းဆောင်တွေကို ကျွန်တော် တိုက်တွန်းပါတယ်” လို့ စင်ကာပူမှာကျင်းပတဲ့ ရှန်ဂရီလာ ဆွေးနွေးပွဲမှာ အထူးမိန့်ခွန်းပြောကြားအပြီး အမေး၊အဖြေကဏ္ဍမှာ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ဖြစ်မြောက်နိုင်စွမ်းနဲ့ပတ်သက်လို့ မေဆိုပါတယ်။းမြန်းရာမှာ “ချက်ချင်း ဉီး စားပေးလုပ်ငန်းမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရရှိရေးနဲ့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရေးဖြစ် တယ်” လို့ အန်ဝါအီဘရာဟင်က ဖြေကြားပါတယ်။

အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်သားအား လုံးကို ကာကွယ်ရေးကိစ္စ အာဆီယံခေါင်းဆောင်တွေ တွန်းအားပေးခဲ့တယ်လို့ သူက ထောက်ပြပါတယ်။

“မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ တရားမျှတပြီး အားလုံးပါဝင်ကာ ဘယ်ပါတီကိုမှ ချန် လှပ်မထားရင် ရွေးကောက်ပွဲလုပ်ငန်းစဉ်က မပြီးပြည့်စုံလင့်ကစား ကျွန်တော်တို့ လက်သင့်ခံဖို့ အဆင် သင့်ပါဘဲ” လို့ ၎င်းက ဆက်ပြောပါတယ်။

ယခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလထက်နောက်မကျဘဲ အထွေထွေ ရွေး ကောက်ပွဲတစ်ရပ် ကျင်းပသွားမယ်လို့ မြန်မာစစ်ကောင်စီက မတ်လအတွင်း ကြေညာခဲ့ပါတယ်။

ကိုးကား – Bernama
Ref; Malaysia invites Myanmar conflict groups for dialogue in Kuala Lumpur – PM Anwar