
ဧရာဝတီတိုင်းမ်
ဇွန် ၁ ရက်
တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
“အလွန်ဆိုးရွားတဲ့ အခြေအနေကနေ တရုတ်နိုင်ငံကို ကယ်တင်ဖို့ တရုတ်နိုင်ငံနဲ့ မြန်ဆန်တဲ့ သ ဘောတူညီချက်တစ်ရပ် ကျွန်တော် ပြုလုပ်ခဲ့ပါတယ်။ ဒီသဘောတူညီချက်ကြောင့် အရာရာဟာ မြန်ဆန် စွာ တည်ငြိမ်ခဲ့ပြီး တရုတ်နိုင်ငံရဲ့စီးပွားရေးဟာ နဂိုအခြေအနေ ပြန်ရောက်ခဲ့ပါတယ်” လို့ ၎င်းက လူမှု ကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
“သိပ်တော့ အံ့အားသင့်စရာ မရှိပါဘူး။ တရုတ်နိုင်ငံက အမေရိကန်နဲ့ ကုန်သွယ်ရေး သဘောတူ ညီချက်ကို အလုံးစုံ ချိုးဖောက်ခဲ့ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
တရုတ်နိုင်ငံက ကုန်သွယ်ရေး သဘောတူညီချက်ကို ဘယ်လို ချိုးဖောက်ခဲ့တယ်ဆိုတာ ဒေါ်နယ် ထရမ့်က အသေးစိတ်မပြောပါဘူး။
သတင်းထောက်တွေဟာ နောက်ပိုင်းမှာ ဒေါ်နယ်ထရမ့်ကို သူ့ရဲ့ လူမှုကွန်ရက် ရေးသားချက်နဲ့ ပတ်သက်လို့ အိမ်ဖြူတော်မှာ မေးမြန်းခဲ့ပါတယ်။
တရုတ်နိုင်ငံက သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပြီး တ ရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ စကားပြောဆိုဖို့ ယုံကြည်မှုရှိတယ်လို့ ပြောပါတယ်။
တရုတ်နဲ့ ကုန်သွယ်ရေး ဆွေးနွေးမှုတွေ ရပ်တန့်နေတယ်လို့ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက် ဆန့်က Fox News Channel ကို ပြောကြားပြီးနောက် ဒေါ်နယ်ထရမ့်က အခုလို မှတ်ချက်ပြုခဲ့တာပါ။
ထပ်တိုး စည်းကြပ်ခွန်ကို ၁၁၅ ရာခိုင်နှုန်း ဖြတ်တောက်ဖို့ အမေရိကန်နဲ့တရုတ်ဟာ ဒီလအတွင်း သဘောတူခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က တရုတ်ရဲ့တုံ့ပြန်မှုကို မကျေမချမ်းဖြစ်နေပြီး အနာဂတ် စေ့စပ်ညှိနှိုင်းမှုတွေကို အခြေခံပြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေး တင်းမာမှုတွေ အရှိန်မြှင့်လာမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။
ကိုးကား – NHK
Ref; Trump accuses China of ‘violating’ trade agreement with US
#Ayeyarwaddy_Times