ဧရာဝတီတိုင်းမ်
ဇွန်လ ၂၈ ရက်
ရုရှားတပ်ဖွဲ့များက ယူကရိန်း၌ အကြမ်းဖက်မှုလုပ်ရပ်များ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး လူနေအဆောက် အအုံများနှင့် မူကြိုကျောင်းတစ်ကျောင်းကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သားများ သေဆုံးခဲ့ကြောင်း သိရ သည်။ ရုရှားတပ်ဖွဲ့များက ယူကရိန်းနိုင်ငံအလယ်ပိုင်းရှိ လူစည်ကားရာ စျေးဝယ်စင်တာတစ်ခုကို ဒုံးကျည်များ ဖြင့် တိုက်ခိုက်ခဲ့သည်။ စျေးဝယ်စင်တာအတွင်း အရပ်သား ၁၀၀၀ ကျော်ရှိကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီး က ပြောကြားသည်။
ရုရှားတပ်ဖွဲ့များက စျေးဝယ်စင်တာကို ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကြောင့် လူ ၁၆ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်း အာဏာပိုင်များက ပြောကြားသည်။ ရုရှားတပ်ဖွဲ့များ၏ အရပ်သားများအပေါ်ကျူးလွန်သည့် အဆိုပါတိုက်ခိုက်မှုကို စက်ဆုပ်ဖွယ်လုပ်ရပ် တစ်ခုအဖြစ် G7 ခေါင်းဆောင်များက ရှုတ်ချလိုက်သည်။
အပြစ်ကင်းစင်သော အရပ်သားများအပေါ် ရမ်းသမ်းတိုက်ခိုက်မှုများက စစ်ရာဇဝတ်မှုတစ်ခုဖြစ်ပြီး ရုရှား သမ္မတ ဗလာဒီမာပူတင်က အဆိုပါလုပ်ရပ်အတွက် တာဝန်ခံရမည်ဟု G7 ခေါင်းဆောင်များက ထုတ်ပြန်ချက်တစ် ခုအတွင်း ပြောကြားခဲ့သည်။ ရုရှားတပ်ဖွဲ့များက ယခုသီတင်းပတ်အတွင်း ဒုံးကျည်တိုက်ခိုက်မှု အကြိမ်ရေ ၆၀ ခန့် လုပ်ဆောင်ခဲ့ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ G7 ထိပ်သီးဆွေးနွေးပွဲသို့ တုံ့ပြန်မှုတစ်ခု ပြုလုပ်မည် သို့မဟုတ် ယူက ရိန်းသို့ အမေရိကန်က ခေတ်မီ ဒုံးပစ်စနစ်များ ပေးပို့မည်ဟု ၄င်းက ဆိုသည်။ သမ္မတ ဇီလန်စကီး သီးခြား မေတ္တာရပ်ခံထားသည့် တာဝေးပစ် လေကြောင်းရန် ကာကွယ်ရေးစနစ်များ အပါ အဝင် ယူကရိန်းသို့ စစ်လက်နက်များ ထပ်မံပေးပို့ရေးအတွက် အမေရိကန်အစိုးရက အပြီးသတ်ဆောင်ရွက် နေကြောင်း အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ်ဆူလေဗန်က ဇွန်လ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
ကိုးကား – NHK
Ref; Russia strikes civilian facilities, injuring dozens