ဧရာဝတီတိုင်းမ်
ဇွန်လ ၂၈ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့နယ်၊ ကျောက်စရစ်ကုန်းရွာက စစ်ကောင်စီခန့်ရာအိမ်မှူးအပါ စစ်ကောင်စီ သတင်းပေးဟုဆိုသူ ၄ ဦး ယမန်နေ့ ဇွန်လ ၂၇ ရက် ညပိုင်းက ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပစ်သတ်ခံရသူတွေဟာ စစ်ကောင်စီခန့်ရာအိမ်မှူး ဦးလှကြည်၊သူ့ရဲ့ဇနီးဖြစ်သူ မစန်းမြင့်နဲ့ အဆိုပါကျေးရွာမှ အုပ်ချုပ်ရေးအထောက်အကူပြု ဝင်းမြင့်နဲ့ခင်ဇော်ဆိုသူ ၄ ဦးဖြစ်တယ်လို့သိရပါတယ်။
စစ်ကောင်စီခန့်ရာအိမ်မှူး ဦးလှကြည်ဟာ အဲ့ဒီရွာက PDF အဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကိုဖမ်းဆီးနှိပ်စက်တာတွေလုပ်ဆောင်ခဲ့လို့ ရပ်တန့်ဖို့သတိပေးခံခဲ့ရတာတွေရှိတယ်လို့သိရပါတယ်။
” ခုအရှင်းခံရတဲ့ စကစ ရာအိမ်မှူး ဦးလှကြည်နဲ့သူ့မိန်းမက အဲ့ဒီရွာက PDF တွေရဲ့မိသားစုတွေကိုဖမ်းတယ်။ အဲ့ဒီလိုတွေမလုပ်ဖို့ကိုလည်းသူ့ကိုသတိပေးထားပြီးသား အဲ့ဒါကိုဆက်လုပ်တာမျိုးတွေရှိတယ်။ နောက် ၂ ယောက်ကလည်း အုပ်ချုပ်ရေးအထောက် အကူပြုအဖွဲ့ဝင် သတင်း ပေးတွေဘဲ” လို့ သာယာဝတီခရိုင်PDF တပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
အဲ့ဒီရှင်းလင်းမှုကို သာယာဝတီခရိုင် PDF တပ်ရင်းအမှတ် ၃၈၀၁၊ တပ်ခွဲ ၁ က လုပ်ဆောင်ခဲ့တာဖြစ်ပြီး PDF သတင်းတွေကို စစ်ကောင်စီကိုပေးပို့မှုကိုစိစစ်ခဲ့ကာ ကျေးရွာနေပြည်သူများကလည်း PDF ထံ အကြိမ်ကြိမ်တိုင်ကြားခဲ့လို့ စစ်ရေးပစ်မှတ်အဖြစ် သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ကြို့ပင်ကောက် PDFက သတင်းထုတ်ပြန်ထားပါတယ်။