ဧရာဝတီတိုင်းမ်
မေ ၃၁ ရက်

တရုတ်နိုင်ငံရဲ့ရန်ကို ကာကွယ်နိုင်ရေး ကာကွယ်ရေးအသုံးစရိတ်နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုး မြှင့်ဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က အာရှတိုက်ရှိ အမေရိကန်နိုင်ငံရဲ့ မဟာမိတ် တွေကို တောင်းဆိုလိုက်ပါတယ်။

စနေနေ့က စင်ကာပူမှာကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ ဖိုရမ်တစ်ခုဖြစ်တဲ့ ရှန်ဂရီလာ ဆွေးနွေးပွဲ ဒု တိယနေ့မှာ သူက မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါတယ်။

တရုတ်ရဲ့ ဖိအားတိုးပေးမှု ကြုံတွေ့နေရတဲ့ ထိုင်ဝမ်နဲ့ပတ်သက်လို့ တရုတ်နိုင်ငံဟာ ထိုင်ဝမ်အ ပေါ် ရန်စတဲ့လုပ်ရပ်တွေ မကြာခဏဆိုသလို လုပ်ဆောင်ခဲ့တယ်လို့ နာမည်တပ်ပြီး ၎င်းက ဝေဖန်ခဲ့ပါ တယ်။

ကွန်မြူနစ် တရုတ်နိုင်ငံက ထိုင်ဝမ်အပေါ် အင်အားသုံးပြီး သိမ်းပိုက်ဖို့ ကြိုးပမ်းမှုတိုင်းဟာ အာ ရှ-ပစဖိတ်ဒေသနဲ့ ကမ္ဘာကြီးအတွက် ကြောက်မတ်ဖွယ်ရာ အကျိုးဆက်တွေ ဖြစ်လာမယ်လို့ ၎င်းက သ တိပေးလိုက်ပါတယ်။

အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ပဋိပက္ခဖြစ်ဖို့ ကြိုးပမ်းနေတာမဟုတ်ဖူးလို့ Pete Hegseth က ဆက်ပြောပါတယ်။

အမေရိကန်နိုင်ငံက တရုတ်နိုင်ငံရဲ့အပြုအမူကို လျစ်လျူမရှုနိုင်ဘဲ နိုးဆော်ချက်တစ်ခုအဖြစ် သတ်မှတ်ရမယ်လို့ သူက ဆိုပါတယ်။

ကိုးကား – NHK
Ref; US defense chief calls for cooperation to boost deterrence against China

#Ayeyarwaddy_Times