ဧရာဝတီတိုင်းမ်
မေ ၃၁ ရက်

ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့နယ်၊ အောက်လှဲဆိပ်အရှေ့ရွာတွင် မေ ၂၉ ရက်နေ့ညပိုင်းက စစ်ကောင်စီရေတပ်၀တ်စုံ ဝတ်ဆင်ထားသောအမျိုးသားလေးဦးမှ နေအိမ်တစ်လုံးကို ဓားပြတိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ရေတပ်ပျောက်ကြား၀တ်စုံ၀တ်ဆင်ထားသော လေးဦးသည် ဦးထွန်းရီ၏နေအိမ်ကိုလက်နက်ပြကာ ငွေသားသိန်း၆၀နှင့်ဖုန်းလေးလုံးယူဆောင်သွားခဲ့ပြီး လက်ရှိတွင် နှစ်ဦးကိုဖမ်းဆီးရမိထားကြောင်း သိရသည်။

“ဓားပြအဖွဲ့မှာ ရွာခံတစ်ယောက်ပါတယ်။ စစ်တပ်၀တ်စုံဆိုတာ အပြင်မှာ၀ယ်လို့မရတာတွေ၀တ်ပြီးလာတော့ ဒေသခံတွေက စစ်တပ်ထဲက ကောင်တွေပဲလုပ်တယ်လို့ ထင်နေကြတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိဖမ်းဆီးခံထားရသူနှစ်ဦးမှာ ကျိုက်လတ်နှင့်မော်လမြိုင်ကျွန်း မြို့တွင်နေထိုင် သူများဖြစ်ကြပြီး AK47 သေနတ်အတုတစ်လက်နှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ထွက်ပြေးလွတ်မြောက်နေသူ နှစ်ဦးအနက်တစ်ဦးမှာ ရွာခံဖြစ်ပြီး ယနေ့အထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

#ဘိုကလေး #စစ်ကောင်စီရေတပ်၀တ်စုံ #ဓားပြတိုက် #Ayeyarwaddy_Times