ဧရာဝတီတိုင်းမ်
မေ ၃၁ ရက်

မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ နယ်နိမိတ်ထိစပ်ရာ “ရွှေတြိဂံ” ဒေသမှာ မူးယစ်ဆေးဝါး ထုတ် လုပ်မှုနဲ့ မှောင်ခိုကူးမှု မြင့်တက်ခဲ့တယ်လို့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) က အစီရင်ခံစာတစ်ခုမှာ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း အရှေ့အာရှနဲ့ အရှေ့တောင်အာရှမှာ မီသာဖက်တမင်း ၂၃၆ တန် စံချိန်တင် ဖမ်းဆီးမိခဲ့ရာ ၂၀၂၃ ခုနှစ်ကထက် ဖမ်းဆီးရမိမှုပမာဏဟာ ၂၄ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ အစီရင်ခံ စာက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံဟာ တစ်နှစ်အတွင်း မီသာဖက်တမင်း တန်ချိန် ၁၀၀ ကျော် ဖမ်းဆီးရမိတဲ့ ဒေသတွင်း ပထမဆုံးတိုင်းပြည် ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မှ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုဟာ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံအထိ မြန်ဆန်စွာ တိုးချဲ့လာတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

“ထိုင်းနိုင်ငံက မီသာဖက်တမင်း ၂၃၆ တန် ဖမ်းဆီးရမိခဲ့ပေမယ့် အမှန်တစ်ကယ် ဈေးကွက်ထဲမှာ ပိုများတဲ့ မူးယစ်ဆေးဝါးတွေ ရောက်ရှိနေတယ်” လို့ အရှေ့တောင်အာရှနဲ့ ပစဖိတ်ဒေသဆိုင်ရာ UNODC ဌာနေကိုယ်စားလှယ် ဘန်နီဒက်ဟော့မန်းက ထုတ်ပြန်ချက်တစ်ခုမှာ ပြောပါတယ်။

“ရွှေတြိဂံဒေသ အထူးသဖြင့် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မှ မီသာဖက်တမင်း ထုတ်လုပ်မှုနဲ့ မှောင် ခိုကူးမှုဟာ မကြုံစဖူးအဆင့်ထိ တိုးလာပါတယ်” လို့ ၎င်းက ဆိုပါတယ်။

အရှေ့အာရှနဲ့ အရှေ့တောင်အာရှရှိ နယ်စပ်ဖြတ်ကျော် မူးယစ်ဂိုဏ်းတွေဟာ ဒေသတွင်း ဥပဒေ စိုးမိုးရေးအဖွဲ့တွေရဲ့ နှိမ်နင်းဖို့ကြိုးပမ်းမှုတွေကို တိမ်းရှောင်လာနိုင်တယ်လို့ အစီရင်ခံစာက ဖော်ပြပါ တယ်။

အာဏာသိမ်းမှုကြောင့် ဖြစ်လာခဲ့တဲ့ မြန်မာ့ပြည်တွင်းစစ်ကလည်း မူးယစ်ဆေးဝါး ကုန်သွယ်မှု တိုးချဲ့စေမယ့် အခြေအနေတွေ ဖြစ်စေခဲ့ပါတယ်။

“အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးစီးဆင်းမှုတွေဟာ အရှေ့အာရှနဲ့ အရှေ့ တောင်အာရှသာမက တောင်အာရှနဲ့ အရှေ့မြောက်အိန္ဒိယအထိ တိုးလာခဲ့တယ်” လို့ အစီရင်ခံစာက ဆို ပါတယ်။

ကိုးကား – Aljazeera
Ref; Methamphetamine trafficking surges from ‘Golden Triangle’ region

#Ayeyarwaddy_Times