ဧရာဝတီတိုင်းမ်
မေ ၃၁ ရက်

မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့အားလုံးဟာ ပဋိပက္ခကို ချက်ချင်း အဆုံး သတ်ရမှာဖြစ်ပြီး ပဋိပက္ခကို အဆုံးမသတ်နိုင်ပါက တိုင်းပြည်ကို လူသားချင်းစာနာမှု အကျပ်အတည်းနွံ အတွင်း ရောက်ရှိစေနိုင်တယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဆူရာကီယတ်ဆာသီယာ ထိုင်းက ပြောကြားလိုက်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ မကြာသေးမီကလှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဘေးက သန်းနဲ့ချီသော အ ပြစ်မဲ့မြန်မာပြည်သူတွေကိုသာ ပြစ်ဒဏ်ခတ်ခဲ့တယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်သူ ဆူရာကီယတ်က ဆိုပါတယ်။

“၂၀၂၅ ခုနှစ်ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် အရေးကြီးတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်မီ အပစ်အခတ်ရပ်စဲရေးနဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နိုင်ရေး ကျွန် တော်တို့ အတူလက်တွဲလုပ်ဆောင်ရပါမယ်” လို့ သူက ဆက်ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျွန်တော်တို့ တွေ့မြင်ခဲ့ရတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံမှာ ဘယ် သူကမှ ပိုင်နက်နယ်မြေတွေကို အပြည့်အဝ မထိန်းချုပ်နိုင်တော်ပါဘူး” လို့ လက်ရှိ အာရှ ငြိမ်းချမ်းရေး နှင့် ပြန်လည်ရင်ကြားစေ့ရေးကောင်စီ ဥက္ကဌဖြစ်သူ ဆူရာကီယတ်က ထောက်ပြပါတယ်။

မြန်မာပြည်သူတွေဟာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေတယ်ဆိုတာ တိုက်ပွဲတွေက ပြသနေတယ်လို့ ၎င်းက ဆိုပါတယ်။

မြန်မာစစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ ကြေညာခဲ့ပေမယ့် ရွေးကောက်ပွဲက လွတ်လပ်ပြီး တ ရားမျှတမှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အကွဲအပြဲသာ ပိုဖြစ်လာစေမယ်လို့ သူက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလအတွင်း အာဆီယံခေါင်းဆောင်တွေ ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် (၅) ရပ် ကို မြန်မာစစ်ကောင်စီက အပြည့်အဝ မဖော်ဆောင်ခဲ့ဘူးလို့ ဆူယာကီယတ်က ဆိုပါတယ်။

ဘုံသဘောတူညီချက် (၅) ကို လေးစားလိုက်နာခြင်းဟာ ရွေးကောက်ပွဲကျင်းပရေးအတွက် မရှိမ ဖြစ်လိုအပ်ချက်တစ်ခုလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။

ကိုးကား – Bernama
Ref; Ex-Thai DPM: Myanmar Must End Conflict Or Face Humanitarian Crisis

#Ayeyarwaddy_Times