(သက်ဆင်ရဲ့ မူးယစ်ဆေးဝါးကိစ္စ ပြောဆိုချက်ကို အခြေအမြစ်မရှိဟု ဝတပ်ဖွဲ့ ငြင်းဆန်)

ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်

ဝတပ်ဖွဲ့ (UWSA) ထိန်းချုပ်နယ်မြေတွေဟာ မြန်မာမှ ထိုင်းနိုင်ငံသို့ မူးယစ်းဆေးဝါးတွေ မှောင် ခိုပြုလုပ်ရာ အဓိကနေရာတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံက ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တယ်ဆိုတဲ့ ထိုင်းဝန်ကြီး ချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ ပြောကြားချက်ကို ဝတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဉီးညီရန်းက အခြေ အမြစ်မရှိတဲ့ စွပ်စွဲချက်တစ်ခုအဖြစ် ပယ်ချလိုက်ပါတယ်။

ဝနယ်မြေမှ မူးယစ်ဆေးဝါးတွေ လာတယ်ဆိုတာ မူးယစ်ဆေးဝါး ကုန်သွယ်မှုမှာ ဝတပ်ဖွဲ့ ပါဝင် တယ်လို့ ဆိုလိုတာမဟုတ်ဖူးလို့ ၎င်းက ဆက်ပြောပါတယ်။

“ကျွန်တော်တို့က နယ်စပ်ဒေသမှာ နေထိုင်တာဖြစ်လို့ ပြည်တွင်းမှ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု တွေဟာ နယ်စပ်ကို မြေကြီးလက်ခပ်မလွဲ ဖြတ်သန်းမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ထိုင်းနိုင်ငံက မူးယစ်ဆေးဝါး နှိမ်နင်းမှုပြုလုပ်ရာမှာ ရန်သူတွေကို သနားညှာတာမှု မပြသင့်ဘူး လို့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံးမှာ သက်ဆင်က ပြောပါတယ်။

ထိုင်းအစိုးရက မြန်မာစစ်ကောင်စီကို တစ်လ သို့မဟုတ် နှစ်လအတွင်း မူးယစ်ဆေးဝါးပြဿနာ ကိုင်တွယ်ရေး တွန်းအားပေးဖို့ သက်ဆင်က တိုက်တွန်းခဲ့ပြီး မအောင်မြင်ပါက တိုက်ရိုက် ကြားဝင်စွက် ဖက်ဖို့ လိုအပ်မှာဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုဆက်ရှိနေပါက ရန်လိုသောလုပ်ရပ်အဖြစ် သတ်မှတ်ရမယ်လို့ ၎င်းက ဆိုပါတယ်။

ထိုင်းအစိုးရရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အသုံးဝင်တဲ့ လက်တွေ့ကျသော ဘယ်လို သတင်းအချက်အလက်မျိုးကိုမဆို အမြဲ ကြိုဆိုတယ်လို့ ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာ က ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ အထောက်အကူဖြစ်စေနိုင်တဲ့ သတင်းပေးတွေကို အခြေခံပြီး ထိုင်းရဲတပ်ဖွဲ့ဟာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုအခြေအနေအပေါ် သက်ဆင်ရဲ့အကဲဖြတ်ချက်ကို Thammasat တက္ကသိုလ်၊ အရှေ့တောင်အာရှလေ့လာရေးဌာနမှ သုတေသီ တွဲဖက်ပါမောက္ခ Dulyapak Preecharush က ထောက်ခံခဲ့ပြီး ဝတပ်ဖွဲ့ဟာ ထိုင်းနိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ခုလို့ ပြောဆိုလိုက်ပါ တယ်။

ကိုးကား – Bangkok Post
Ref; Wa army dismisses Thaksin’s drug claims

#Ayeyarwaddy_Times