ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်

ဧရာ၀တီတိုင်း ၊ ငါးသိုင်းချောင်းမြို့ရှိ ရေနံသာစစ်ဆေးရေးဂိတ်တွင် စားသောက်ကုန်များသယ်ယူခွင့်ကန့်သတ်ထားကာ အုပ်ချုပ်ရေးမှုးများ၏ ထောက်ခံစာပါမှ ခွင့်ပြုသောကြောင့်ဒေသခံများအခက်တွေ့နေကြောင်း သိရသည်။

“ဆန် ငါးပြည်နဲ့အထက်ဆို ကျေးရွာအုပ်ကြီးထောက်ခံစာပါမှ သယ်လို့ရတယ်။ ဒီဇယ်၊ဓါတ်ဆီကတော့ ပေပါတွေဆိုသယ်ခွင်ကိုမပြုတာကြာပြီ”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဒေသခံများအနေဖြင့် စားသောက်ကုန်နှင့်ဆန်များသယ်ယူခွင့်ရရှိရန်အတွက် အုပ်ချုပ်ရေးမှူးများထံမှ ထောက်ခံစာရရှိရန် ငါးထောင်ကျပ်ပေးရကြောင်းလည်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

အဆိုပါဒေသအနီးတွင် မတ်လမှစတင်ပြီး အာရက္ခတပ်တော်AAပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရိက္ခာပို့သည်ဟူသောစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူများလည်း ရှိသည်။

ဧရာ၀တီတိုင်းရှိ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်များတွင် အာရက္ခတပ်တော်AA ပူးပေါင်းတပ်များနှင့်စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီမှ ကုန်သယ်ယူခွင့်ကန့်သတ်ခြင်း၊ လုပ်ငန်းရှင်များကို ထောက်ပံသည်ဟု စွပ်စွဲကာဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်နေသည်။

#အုပ်ချုပ်ရေးမှူးထောက်ခံစာ #ရေနံသာစစ်ဆေးရေးဂိတ် #စားသောက်ကုန်သယ်ယူခွင့် #ဒေသခံများအခက်အခဲဖြစ်နေ #Ayeyarwaddy_Times