ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်

ဂျာမနီနဲ့ ယူကရိန်းနိုင်ငံတို့က တာဝေးပစ်လက်နက်တွေ ပူးတွဲ ထုတ်လုပ်ဖို့ သဘောတူလိုက် တယ်လို့ သိရပါတယ်။

ဂျာမနီဝန်ကြီးချုပ် ဖရက်ဒရစ်မာ့ဇ်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ဟာ ယမန်နေ့က ဘာလင် မြို့တော်မှာ တွေ့ဆုံကာ အနောက်နိုင်ငံတွေရဲ့ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုချက်ကို ပယ်ချကာ ယူက ရိန်းအပေါ် တိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတဲ့ ရုရှားနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမယ့်နည်းလမ်းတွေ ကို ဆွေးနွေးခဲ့ကြပါတယ်။

ရုရှားရဲ့ ယူကရိန်းအပေါ် တိုက်ခိုက်မှုတွေဟာ ငြိမ်းချမ်းရေး မလိုလားတာကို ပြသနေတယ်လို့ တွေ့ဆုံမှုအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဖရက်ဒရစ်မာ့ဇ်က ပြောပါတယ်။

ရုရှားနိုင်ငံကို ဖြစ်နိုင်ဖွယ်ရာ ဖိအားပေးရမှာဖြစ်ပြီး ယူကရိန်းရဲ့ ကာကွယ်ရေးကိုမြှင့်တင်မယ့် တာဝေးပစ်လက်နက်တွေ ပူးတွဲ ထုတ်လုပ်ဖို့ သဘောတူခဲ့တယ်လို့ ဇီလန်စကီးက ပြောပါတယ်။

ဂျာမနီက ထောက်ပံ့ထားတဲ့ လက်နက်တွေကိုသုံးပြီး ယူကရိန်းကို ရုရှားပိုင်နက် တိုက်ခိုက်ခွင့်ပြု မယ်လို့ ဖရက်ဒရစ်မာ့ဇ်က ဆက်ပြောပါတယ်။

ဂျာမနီက ယူကရိန်းသို့ အကွာအဝေး ကီလိုမီတာ ၅၀၀ အထိ ရောက်ရှိနိုင်တဲ့ Taurus ဒုံးကျည် တွေ ထောက်ပံ့ရေးကို တွေ့ဆုံမှုအတွင်း အဓိက ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ်ကော့ဗ်က ဂျာမနီနဲ့ယူကရိန်းကြား သဘောတူ ညီချက်ကို ဝေဖန်ခဲ့ပြီး ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို အဟန့်အတားဖြစ်စေတယ်လို့ ပြောပါတယ်။

ရန်စတဲ့လုပ်ရပ်တွေနဲ့ အခက်အခဲတွေရှိလင့်ကစား ရုရှားနိုင်ငံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက် လုပ်နိုင်ပြီး ရုရှားနဲ့ယူကရိန်းက ဒုတိယအကြိမ် စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်ကာ နားလည်မှုစာချွန်လွှာတွေ လဲလှယ်နိုင်ဖို့ မျှော်လင့်တယ်လို့ ၎င်းက ဆိုပါတယ်။

ရုရှားနဲ့ယူကရိန်း ကိုယ်စားလှယ်အဖွဲ့တွေဟာ မေလ ၁၆ ရက်က တူရကီနိုင်ငံမှာ တိုက်ရိုက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကိုးကား – NHK
Ref; Germany, Ukraine to jointly produce long-range weapons

#Ayeyarwaddy_Times