ဧရာဝတီတိုင်းမ်
မေ ၂၉ ရက်
မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး မိုနိုဝါဟူစိန်ကို ဒါကာသို့ ချက်ချင်း ပြန် လာဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ညွှန်ကြားလိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ အတည် ပြုခဲ့ပါတယ်။
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကြား သံတမန်ရေးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်လာပြီးနောက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ နေပြည်တော်၌ သံအမတ်ကြီးရာထူး စတင်တာဝန်ယူခဲ့တဲ့ မိုနိုဝါဟူစိန်ကို ရာထူးစွန့် ဖို့ ညွှန်ကြားခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေနဲ့ အာရက္ခတပ်တော် (AA) ကြား ထိတွေ့ဆက်ဆံမှုတွေနဲ့ပတ် သက်လို့ မြန်မာစစ်ကောင်စီက ကန့်ကွက်မှုပြုလုပ်ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအ မတ်ကြီးကို နေရပ်ပြန်ခေါ်ခဲ့တာလို့ သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး ခါလီလာရာမန်က အာရက္ခတပ်တော် (AA) နဲ့ ဆက်ဆံမှုရှိတယ်လို့ လူသိရှင်ကြား ဝန်ခံခဲ့ပြီးနောက် ယခုဖြစ်စဉ် ဖြစ်လာခဲ့တာပါ။
မြန်မာစစ်ကောင်စီကလည်း ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အာရက္ခတပ်တော် (AA) နဲ့ ဆက်ဆံမှုကို သံတမန်ရေးရာ ကန့်ကွက်စာတစ်စောင် ပေးပို့ခဲ့ပါတယ်။
ယခုလအစောပိုင်းက ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံး စစ်ဘက်အကြံပေး ဗိုလ်မှူးချုပ် အက်ဖ် တက်ဘ်ဟူစိန်ကို အရေးပေါ် ပြန်လည်ခေါ်ယူခဲ့ပါတယ်။
ကိုးကား – Bangla News 24
Ref; Bangladesh recalls ambassador from Myanmar
#Ayeyarwaddy_Times