
ဧရာဝတီတိုင်းမ်
မေ ၂၉ ရက်
တရုတ်ရေတပ်မှ လေယာဉ်တင်သင်္ဘော လျောင်နင်ဟာ ထိုင်ဝမ်အရှေ့တောင်ပိုင်း ရေပိုင်နက်အ တွင်း ဖြတ်သန်းမောင်းနှင်တာကြောင့် စစ်တပ်ကို အမြင့်ဆုံးအဆင့် တပ်လှုန့်ထားတယ်လို့ ထိုင်ဝမ် ကာ ကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဉီးက မေလ ၂၈ ရက် သတင်းစာရှင်းလင်းပွဲ မှာ အခုလို ကြေညာခဲ့တာပါ။
တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ချိန်မှာ တရုတ်လေယာဉ်တင်သင်္ဘောတွေကို ထိုင်ဝမ်အရှေ့ပိုင်းကမ်းရိုးတန်းအလွန်သို့ မကြာခဏ စေလွှတ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနက အခြေအနေကို သတိထားပြီး တရုတ်လေယာဉ်တင်သင်္ဘောရဲ့ လှုပ် ရှားမှုတိုင်းကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
တစ်ရက်အတွင်း ထိုင်ဝမ်ဝန်းကျင်မှာ တရုတ်စစ်သင်္ဘော (၉) စင်း၊ ဂျက်လေယာဉ်၊ ဒရုန်းနဲ့ အ ခြားလေယာဉ်ပျံသန်းမှု ၃၁ ကြိမ်အထိ ရှိခဲ့တယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ပြောပါတယ်။
တရုတ်စစ်လေယာဉ်အချို့ဟာ ထိုင်ဝမ်ကျွန်းရဲ့မြောက်ဘက်၊ အလယ်ပိုင်း၊ အနောက်တောင်ပိုင်း နဲ့ အရှေ့ပိုင်း လေပိုင်နက်အတွင်း ဝင်ရောက်ခဲ့တယ်လို့ ၎င်းတို့က ဆိုပါတယ်။
ပြီးခဲ့တဲ့အပတ်ကကျင်းပတဲ့ သမ္မတတာဝန်ထမ်းဆောင်မှု တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးစွမ်းပကားတွေ မြှင့်တင်ဖို့ ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက ကတိပြုခဲ့ပါတယ်။ တရုတ်နိုင်ငံ က ထိုင်ဝမ်အပေါ် စစ်ရေးအရ ဖိအားပေးမှု တိုးလာခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
ကိုးကား – NHK
Ref; Taiwanese authorities on alert for Chinese aircraft carrier sailing off Taiwan
#Ayeyarwaddy_Times