
ဧရာဝတီတိုင်းမ်
မေ ၂၉ ရက်
မြန်မာ့ပဋိပက္ခ ဖြေရှင်းရာမှာ မလေးရှားနိုင်ငံ စတင်ပြီး လုပ်ဆောင်ခဲ့တာကို ဖိလစ်ပိုင်နိုင်ငံက ဆက်လက်အကောင်အထည်ဖော်မယ်လို့ သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါ တယ်။
မြန်မာ့အရေးကို တစ်နှစ်အတွင်း ဖြေရှင်းနိုင်မှာမဟုတ်ဖူးလို့ ၎င်းက ဖိလစ်ပိုင်သတင်းထောက် တွေကို ပြောပါတယ်။
“မြန်မာပဋိပက္ခကို တစ်နှစ်ဆိုတဲ့ အချိန်ကာလအတွင်း ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော် တို့ဟာ မြန်မာ့အရေး ဖြေရှင်းရာမှာ မလေးရှားနိုင်ငံ လုပ်ဆောင်ခဲ့တာကို ဆက်လက်အကောင်အထည် ဖော်မှာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲကြောင့် တည်ငြိမ်မှုရှိလာဖို့ မျှော်လင့်ပါကြောင်း မားကို့စ် ဂျူနီယာက ဆက်ပြောပါတယ်။
“လူသားချင်းစာနာမှု ကုန်ကျစရိတ်က အလွန်ကို ကြီးမားတာကြောင့် ကျွန်တော်တို့ အရင်ဆုံး အပစ်အခတ်ရပ်စဲတာကို လိုလားပါတယ်။ မြန်မာနိုင်ငံရှိ သက်ဆိုင်သူတွေဟာ ဘယ်လိုအခြေခံမူမျိုးကိုမှ သဘောတူမယ်လို့ ကျွန်တော်တို့ မမြင်မိပါဘူး” လို့ ၎င်းက ပြောပါတယ်။
လာမယ့်နှစ် အာဆီယံအလှည့်ကျဥက္ကဌ ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဒီနှစ်အ စောပိုင်းကတည်းက မလေးရှားနိုင်ငံနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
“မြန်မာပဋိပက္ခကို ဖြေရှင်းနိုင်မယ့် နည်းလမ်းသစ်ရှာဖွေဖို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာ ဟင်ရဲ့ တောင်းဆိုချက်အရ အထူးကိုယ်စားလှယ်တစ်ဉီး ကျွန်တော် စေလွှတ်ခဲ့ပါတယ်” လို့ သူက ဆက် ပြောပါတယ်။
ကိုးကား – GMA News
Ref; PH to build on Malaysia’s action to address Myanmar situation —Marcos
#Ayeyarwaddy_Times