
ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၇ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ cowboys bar (ကောင်းဘွိုင်လ်ဘား) မှာ ယနေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် အမျိုးသမီးလေးဦးသေဆုံးကြောင်းသိရသည်။
အဆိုပါ ကောင်းဘွိုင်လ်ဘားကို ယနေ့ မေ ၂၈ ရက် နံနက် ၉ နာရီ ၄၈ မိနစ်က မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ၁၀ နာရီ ၈ မိနစ်တွင် မီးငြိမ်းသွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်ကျွမ်းမှုကြာချိန် မိနစ် ၂၀ ဆယ်အတွင်း မန်နေဂျာနှင့် ဝန်ထမ်းသုံးဦးအပါအဝင် အမျိုးသမီးလေးဦးသေဆုံး ခဲ့ရခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် လျှပ်စစ်မီး ၃၅၂ ကြိမ်၊ ပေါ့ဆမီး ၂၆၈ ကြိမ်၊ မီးဖိုမီး ၁၄၇ ကြိမ်၊ အလိုအလျောက်မီး ၁၇ ကြိမ်အပါအဝင် မီးလောင်မှုပေါင်း ၉၅၃ ကြိမ်ဖြစ်ပွားကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
မီးလောင်မှုများတွင် မီးဖိုမီး၊ လျှပ်စစ်မီး၊ ပေါ့ဆမီးကြောင့် လောင်ကျွမ်းမှုအများဆုံးဖြစ်ပြီး မီးသုံးနေစဉ်လူရှိနေခြင်း၊ လောင်စာဆီမထားရန်၊ အိုမင်းမစွမ်းသူများနှင့် ကလေးသူငယ်များကို မီးအသုံးမပြုစေရန် ယင်းဌာနက သတိပေးကြေညာထားသည်။
ဓာတ်ပုံ – than htay
#မန္တလေးမြို #ကောင်းဘွိုင်လ်ဘား #ဘီယာဆိုင်မီးလောင် #အမျိုးသမီးလေးဦးသေဆုံး #Ayeyarwaddy_Times