ဧရာဝတီတိုင်းမ်
မေ ၂၇ ရက်

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီးနောက် သမ္မတ ဗလာဒီမာ ပူတင်အပေါ် ယုံကြည်မှုမရှိတော့ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

“ပူတင်လုပ်နေတာတွေကြောင့် ကျွန်တော် မပျော်ပါဘူး။ သူက လူပေါင်းများစွာကို သတ်ဖြတ်နေ ပါတယ်။ ပူတင် ဘာဖြစ်ခဲ့တာလဲဆိုတာ ကျွန်တော် မသိပါဘူး” လို့ ၎င်းက တနင်္ဂနွေနေ့မှာ သတင်း ထောက်တွေကို ပြောပါတယ်။

“ကျွန်တော် သူ့ကိုသိခဲ့တာ ကြာပါပြီ။ သူက မြို့တွေကို ဒုံးကျည်တွေနဲ့ပစ်ခတ်ပြီး ပြည်သူတွေကို သတ်ဖြတ်နေပါတယ်။ ကျွန်တော် ဒါကို လုံးဝမကြိုက်ပါဘူး” လို့ သူက ဆက်ပြောပါတယ်။

ရုရှားနိုင်ငံအပေါ် ထပ်တိုး ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်မယ့်အကြောင်း ဒေါ်နယ်ထရမ့်က ထုတ် ဖော်ပြောခဲ့ခြင်းမရှိပေ။

ယူကရိန်းနဲ့ရုရှားဟာ သုံးရက်ကြာ အကျဉ်းသား ၁၀၀၀ လဲလှယ်မှု ပြီးစီးခဲ့ပြီဖြစ်ပါတယ်။ တူရ ကီနိုင်ငံမှာကျင်းပတဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေအတွင်းရရှိခဲ့တဲ့ သဘောတူညီချက်တစ်ရပ်ကို အခြေခံပြီး အကျဉ်းသားချင်း လဲလှယ်ခဲ့တာပါ။

ရုရှားနိုင်ငံဟာ စနေနေ့ညပိုင်းမှ တနင်္ဂနွေနေ့အထိ ဒရုန်း ၂၉၈ စင်း၊ ဒုံးကျည် ၆၉ စင်းနဲ့ ယူက ရိန်းကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါဟာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်နောက်ပိုင်း အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုလို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ် ဒေါ်နယ်ထရမ့်နဲ့ ဖုန်းပြောဆိုမှုအတွင်း ပူတင်က ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ သဘောမတူခဲ့ပါ။ တိုးတက်မှုမရှိရင် ယူကရိန်းနဲ့ရုရှားကြား ဆွေးနွေးမှုတွေ ရုတ်သိမ်းမယ်လို့ ပူတင်က ပြောပါတယ်။

ကိုးကား – NHK
Ref; Trump says he doesn’t like ‘what Putin is doing’ in Ukraine

#Ayeyarwaddy_Times