
ဧရာဝတီတိုင်းမ်
မေ ၂၆ ရက်
ယခုနှစ် အာဆီယံအဖွဲ့ဥက္ကဌအဖြစ် မြန်မာပဋိပက္ခ ငြိမ်းချမ်းသောအဖြေရှာတဲ့ မလေးရှားနိုင်ငံရဲ့ ကြိုးပမ်းမှုအသီးသီးကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂီယီနိုက အပြည့်အဝ ထောက်ခံတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တည်ငြိမ်မှု ပြန်လည်ရရှိရေး တက်ကြွစွာ ပါဝင်ဖို့ အင်ဒိုနီးရှားနိုင်ငံ က အဆင်သင့်ရှိတယ်လို့ စနေနေ့က ကွာလာလမ်ပူမြို့တော်မှာကျင်းပတဲ့ ဘုံသဘောတူညီချက် (၅) ဖော်ဆောင်ရေးဆိုင်ရာ အလွတ်သဘော ဆွေးနွေးပွဲမှာ ၎င်းက ပြောပါတယ်။
“မြန်မာ့အရေး ရင်ဆိုင်ဖြေရှင်းရာမှာ ကျွန်တော်တို့ အသံတစ်သံထဲ ထွက်ရမှာဖြစ်သလို ဘုံသ ဘောတူညီချက် (၅) အပြည့်အဝ ဖော်ဆောင်ရေး တွန်းအားပေးဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ရမှာပါ” လို့ သူက ဆိုပါတယ်။
၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ မတိုင်မီကျင်းပတဲ့ အစည်းအဝေးဟာ မြန်မာနိုင်ငံ တွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို ဆွေးနွေးဖို့နဲ့ ဘုံသဘောတူညီချက် (၅) ရပ် ထိထိရောက်ရောက် ဖော် ဆောင်မယ့်နည်းလမ်းတွေ ရှာဖွေဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်တွေရဲ့ အလွတ်သဘော ဖိုရမ်တစ်ခု ဖြစ်ပါတယ်။
ဘုံသဘောတူညီချက် (၅) ရပ် အပြည့်အဝ ဖော်ဆောင်မှုနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ လူသားချင်းစာနာမှုအကူအညီ တိုးချဲ့ပေးရေးနဲ့ မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေး နွေးမှုပြုလုပ်ရေး အရေးကြီးတယ်လို့ ဆူဂီယီနိုက ထပ်လောင်းပြောပါတယ်။
“မြန်မာ့အရေး ငြိမ်းချမ်းသောအဖြေတစ်ခုရှာဖို့ အင်ဒိုနီးရှားနိုင်ငံက သံန္နိဌာန်ချထားဆဲဖြစ်ပါ တယ်။ ဒေသတွင်းငြိမ်းချမ်းရေး အောင်မြင်မှသာ အာဆီယံအဖွဲ့က စည်းလုံးညီညွတ်ပြီး တူညီဆန္ဒနဲ့ စည်းလုံးမှုစည်းမျဉ်းတွေကို အခြေခံပြီး ဆောင်ရွက်မှာဖြစ်ပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
ကိုးကား – Bernama
Ref; Indonesia calls for stronger Asean action on Myanmar crisis, backs Malaysia’s initiatives
#Ayeyarwaddy_Times