
ဧရာဝတီတိုင်းမ်
မေ ၂၆ ရက်
ဒီလအတွင်း သက်တမ်းကုန်ဆုံးတော့မယ့် မြန်မာနိုင်ငံမှာ မြေငလျင်ဘေးအလွန် အပစ်အခတ် ရပ်စဲရေး သက်တမ်းတိုးဖို့ မလေးရှားနိုင်ငံက မေလ ၂၅ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
လက်ရှိ ဘေးသင့်ဇုန်တွေကို ကျော်လွန်ပြီး အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က မေလ ၂၅ ရက်မှာကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးများ အ စည်းအဝေးမှာ အဆိုပြုခဲ့ပါတယ်။
“ပြန်လည်ထူထောင်ရေး လုပ်ဆောင်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဘေးဒုက္ခတွေ ဖြေလျှော့နိုင်ရေး အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့နဲ့ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ မြန်မာနိုင်ငံရှိ သက်ဆိုင်သူတွေ ကို ကျွန်တော်တို့ တောင်းဆိုပါတယ်” လို့ အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ၎င်းက ပြောပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဧပြီလအတွင်း ဗန်ကောက်မြို့မှာ မြန်မာစစ်ကောင် စီခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံက အပစ်အခတ်ရပ်စဲရေးကို လေးစားသမှုထားဖို့ တိုက်တွန်းခဲ့ ပါတယ်။
မြန်မာစစ်တပ်ဟာ အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့လင့်ကစား ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက် လက်ပြီး လုပ်ဆောင်ခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ လွတ်လပ်သော ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့များက ပြော ပါတယ်။
အာဏာသိမ်းမှုဆန့်ကျင်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တိုက်ပွဲတွေ ရပ်တန့်ဖို့ ကတိပြုခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) က ပြည်သူတွေနဲ့ နိုင်ငံရေးပါတီတွေကို တိုက်တွန်းခဲ့ပါတယ်။
ကိုးကား – AFP
Ref; Malaysia calls for Myanmar truce extension
#Ayeyarwaddy_Times