ဧရာဝတီတိုင်းမ်
မေ ၂၅ ရက်

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဉီးအောင်ကျော်မိုး ဉီးဆောင်တဲ့ မြန်မာကိုယ် စားလှယ်အဖွဲ့ဟာ ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက် ရောက်ဖို့ ယမန်နေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ အာဆီယံ အကြီးတန်းအရာရှိကြီးများ အစည်းအ ဝေး (SOM) နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် (၅) ရပ် ဖော်ဆောင်ရေးဆိုင်ရာ အလွတ်သ ဘောဆွေးနွေးပွဲကို တက်ရောက်မှာပါ။

မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် (၅) ရပ် ဖော်ဆောင်ရေးဆိုင်ရာ အလွတ်သဘောဆွေး နွေးပွဲမှာ အာဆီယံအဖွဲ့ရဲ့ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှု အ ကျပ်အတည်း ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို အဓိက ဆွေးနွေးပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေဟာ သံတမန်ရေးအဖြေရှာမှု၊ အာဆီယံဥက္ကဌရဲ့ အထူးကိုယ်စားလှယ်နဲ့ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်မှ ဖယ်ထုတ်ခံထားရတဲ့ မြန်မာနိုင်ငံမှ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက် ဆံမှု အပါအဝင် ဘေးသင့်အသိုင်းအဝိုင်းတွေထံ လူသားချင်းစာနာမှုအကူအညီတွေ ရောက်ရှိရေးကို ဆွေးနွေးပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း အာဆီယံအဖွဲ့ ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် (၅) ရပ် ကို စစ်ကောင်စီက ဖော်ဆောင်ဖို့ ပျက်ကွက်တာကြောင့် မြန်မာဗိုလ်ချုပ်ကြီးတွေကို အာဆီယံထိပ်သီး ဆွေးနွေးပွဲတွေ တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။

၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲကို မလေးရှားနိုင်ငံက ပဉ္စမအကြိမ်အဖြစ် လက်ခံ ကျင်းပနေပါတယ်။ မလေးရှားနိုင်ငံဟာ ၁၉၇၇၊ ၁၉၉၇၊ ၂၀၀၅ နဲ့ ၂၀၁၅ ခုနှစ်မှာ အာဆီယံအဖွဲ့ အလှည့် ကျဥက္ကဌတာဝန် ယူခဲ့ဖူးပါတယ်။

အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ ဒေသတွင်းနဲ့ ကမ္ဘာ့ရေးရာတွေကို ဖြေရှင်းဖို့ ဆွေးနွေးကြပြီး မြန်မာပဋိပက္ခဟာ အဖွဲ့ဝင်နိုင်ငံတွေကြား အဓိက ဆွေးနွေးစရာကိစ္စတစ်ခု ဖြစ်ပါတယ်။

ကိုးကား – The Sun
Ref; Myanmar delegation set to participate in ASEAN Summit, informal consultations on five-point consensus