
ဧရာဝတီတိုင်းမ်
မေ ၂၅ ရက်
မေလ ၂၄ ရက်က ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရဲရဟတ်ယာဉ်တစ်စင်း ပျက်ကျပြီး မီးလောင်ကျွမ်းခဲ့ ရာ လူသုံးဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကန်ချနဘူရီလေကြောင်းရဲတပ်ဖွဲ့ပိုင် Bell 212 ရဟတ်ယာဉ်ဟာ Khiri Khan ပြည်နယ်၊ ပရာ ချွတ်မြို့ရှိ ရွာတစ်ရွာအနီး ပျက်ကျခဲ့တာပါ။
ရဟတ်ယာဉ်ပေါ်ပါ ပိုင်းလော့နှစ်ဉီးနဲ့ စက်ပြင်တစ်ဦးတို့ သေဆုံးခဲ့တယ်လို့ တော်ဝင် ထိုင်းရဲတပ် ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မီးသတ်သမားတွေက မီးငြှိမ်းသတ်ခဲ့ပြီးဖြစ်ပေမယ့် ရဟတ်ယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
သေဆုံးသူတွေအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်အတွင်း ပြော ကြားခဲ့ပါတယ်။ ဖြစ်စဉ်ကို ချက်ချင်း စုံစမ်းစစ်ဆေးဖို့နဲ့ သေဆုံးသူတွေရဲ့ မိသားစုတွေကို လျော်ကြေး ပေးဖို့ ရဲတပ်ဖွဲ့ အကြီးအကဲ ကီထရတ်ပန်ဖတ်က ညွှန်ကြားခဲ့ပါတယ်။
သေဆုံးသူသုံးဉီးမှာ ရဟတ်ယာဉ်မှူးတွေဖြစ်တဲ့ ရဲမှူးတစ်ဦးး၊ ဒုရဲမှူးတစ်ဉီးနဲ့ စက်ပြင်ဖြစ်သူ ရဲ အုပ်တစ်ဦးတို့ ဖြစ်ပါတယ်။
ယခုဖြစ်စဉ်ဟာ ဒီနှစ်အတွင်း Khiri Khan ပြည်နယ်မှာ လူအသေအပျောက်ရှိတဲ့ ဒုတိယမြောက် ရဲရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပါတယ်။
ဧပြီလ ၂၅ ရက်က အသေးစား လေယာဉ်တစ်စင်း ဟွာဟင်းလေဆိပ်အနီး ပင်လယ်ပြင်အတွင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါသူ ရဲအရာရှိခြောက်ဉီးစလုံး သေဆုံးခဲ့ပါတယ်။
ကိုးကား – AFP/Bangkok Post
Ref; Three killed in Thai police helicopter crash
#Ayeyarwaddy_Times