ဧရာဝတီတိုင်းမ်
မေ ၂၄ ရက်

အမေရိကန်နိုင်ငံပြင်ပမှာထုတ်လုပ်တဲ့ Apple ရဲ့ အိုင်ဖုန်းတွေကို စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ထက်မနည်း ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။

ထိုအကြောင်းကို Apple ရဲ့ အမှုဆောင်အရာရှိချုပ် တင်ကွတ်ခ်ကို အကြောင်းကြားထားတာကြာ ပြီလို့ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ လူမှုကွန်ရက်၌ ရေးသားခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာရောင်းချမယ့် အိုင်ဖုန်းတွေကို အိန္ဒိယနဲ့ အခြားနေရာတွေမှာမဟုတ်ဘဲ အမေ ရိကန်နိုင်ငံမှာသာ ထုတ်လုပ်ဖို့ မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ စည်းကြပ်ခွန်ကောက်ခံမှုကို ရှောင်ရှားဖို့ အမေရိကန်နိုင်ငံမှာ ရောင်းချမယ့် အိုင် ဖုန်းအများစုကို တရုတ်မှာမဟုတ်ဘဲ အိန္ဒိယမှာ ထုတ်လုပ်မယ်လို့ တင်ကွတ်ခ်က ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ အိုင်ဖုန်းတွေကို ထုတ်လုပ်မယ်ဆိုရင် လုပ်အားခတွေ များပြားမှုကြောင့် အိုင် ဖုန်းစျေးနှုန်းတွေ မြင့်တက်လာဖွယ်ရှိတယ်လို့ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုက ပြောပါတယ်။

ကိုးကား – NHK
Ref; Trump threatens Apple with 25% tariff on iPhones

#Ayeyarwaddy_Times