
ဧရာဝတီတိုင်းမ်
မေ ၂၄ ရက်
လာမယ့်အပတ်မှာကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ နိုင်ငံတကာက မြန်မာစစ်ကောင် စီနဲ့ ထိတွေ့ဆက်ဆံမှု ပိုမိုပြုလုပ်ဖို့ ထိုင်းနိုင်ငံက အကြံပြုမယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယာ ပွန်ဆာက ပြောပါတယ်။
လူ ၃၈၀၀ ကျော် သေဆုံးခဲ့တဲ့ မတ်လအတွင်း အင်အားပြင်း မြေငလျင်လှုပ်ခတ်ပြီးနောက် မြန် မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီပေးအပ်မှု အဆင်ပြေချောမွေ့စေရေး အပစ်အခတ်ရပ်စဲမှု သက်တမ်းတိုးဖို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံတယ်လို့ ၎င်း က အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။
“အပစ်အခတ်ရပ်စဲရေးဟာ အရေးပါတဲ့ ပထမအဆင့် ခြေလှမ်းတစ်ရပ်ဖြစ်ပေမယ့် တစ်ဖက် သတ် မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့အနေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုပြုလုပ်ဖို့ ပြဿနာအသီး သီးကို စားပွဲဝိုင်းမှာ ဖိအားမပေးဘဲ ဆွေးနွေးသင့်ပါတယ်” လို့ သူက ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် လက်နက်ကိုင်အဖွဲ့အားလုံးပါဝင်တဲ့ ငြိမ်းချမ်း ရေးအစီအစဉ်ကို အထောက်အကူဖြစ်စေမယ့် ပြဿနာတွေကို ဖြေရှင်းရာမှာ နိုင်ငံတကာရဲ့ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်တယ်လို့ ၎င်းက ရှင်းပြပါတယ်။
“မြန်မာပဋိပက္ခအတွက် အဖြေမရှိရင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကို မဖြေရှင်းနိုင်ပါဘူး။ ပြ ဿနာနှစ်ခုဟာ ဆက်စပ်နေပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ထိုင်းနိုင်ငံဟာ ပညာရေးနဲ့ ကျန်းမာရေးအပါအဝင် မြန်မာနိုင်ငံသို့ ရေရှည်အကူအညီတွေ ပိုမို ပေးအပ်မှာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှု တိုးမြှင့်မယ့် နိုင်ငံတကာစင်မြင့်ကို အသုံးပြုနေတယ် လို့ မာရစ်ဆန်ဂီယာပွန်ဆာက ပြောပါတယ်။
“မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုက ငြိမ်းချမ်းရေးရရှိစေမယ့် တွေ့ဆုံဆွေးနွေးမှုကို မြှင့် တင်ပေးပါလိမ့်မယ်။ အကျိုးမရှိသော အပျက်သဘောဆောင်တဲ့ သဘောထားကို ကျွန်တော်တို့ ပြောင်း လဲလိုပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Reuters
Ref; Thailand to press for broader international engagement with Myanmar junta
#Ayeyarwaddy_Times