ဧရာဝတီတိုင်းမ်
မေ ၂၄ ရက်

ပြည်ပကျောင်းသားတွေ ကျောင်းအပ်နှံတာ လက်မခံဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရ က ဟားဗတ်တက္ကသိုလ်ကို ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

ညွှန်ကြားချက်အရ ဟားဗတ်တက္ကသိုလ်ရှိ နိုင်ငံတကာကျောင်းသားတွေဟာ အခြားတက္ကသိုလ် တစ်ခုသို့ ရွှေ့ပြောင်းရ သို့မဟုတ် အမေရိကန်နိုင်ငံမှာ ၎င်းတို့ရဲ့ ဥပဒေရပိုင်ခွင့်တွေ ဆုံးရှုံးမယ်လို့ သိရပါ တယ်။

အမိမြေ လုံခြုံရေးဝန်ကြီး Kristi Noem က အမိန့်ကို ထုတ်ပြန်ခဲ့တာပါ။ ဟားဗတ်တက္ကသိုလ် အုပ်ချုပ်ရေးမှူးတွေဟာ အကြမ်းဖက်မှုနဲ့ ဂျူးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ အရှိန်မြှင့်နေပြီး တရုတ် ကွန်မြူနစ်ပါတီနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ ၎င်းက စွပ်စွဲခဲ့ပါတယ်။

အမေရိကန်နိုင်ငံရှိ အခြားတက္ကသိုလ်တွေလည်း အလားတူ ပိတ်ပင်မှုမျိုး ရင်ဆိုင်ရနိုင်တယ်လို့ Kristi Noem က သတိပေးခဲ့ပါတယ်။

အဆိုပါအမိန့်ဟာ ဥပဒေနဲ့မညီညွတ်ဘူးလို့ ဟားဗတ်တက္ကသိုလ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောကြားလိုက်ပါတယ်။

ယခုအမိန့်ဟာ ဟားဗတ်တက္ကသိုလ်ရဲ့ သင်ကြားရေးနဲ့ သုတေသနကိုသာမက အမေရိကန်တစ် နိုင်ငံလုံးကို ခြိမ်းခြောက်နေတယ်လို့ ၎င်းက ပြောပါတယ်။

တက္ကသိုလ်အာဏာပိုင်တွေဟာ ဂျူးတွေအပေါ် ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေးကို အလုံအ လောက် လုပ်ဆောင်တာမရှိဘူးဟုဆိုကာ အမေရိကန်အစိုးရဟာ ယခင်က ဟားဗတ်တက္ကသိုလ်ရဲ့ရန်ပုံ ငွေတွေကို ထိန်းချုပ်ခဲ့ပါတယ်။

ကိုးကား – NHK
Ref; Trump administration bars foreign students from Harvard

#Ayeyarwaddy_Times