
ဧရာဝတီတိုင်းမ်
မေ ၂၄ ရက်
ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ် ၊အလယ်ချောင်းကျေးရွာတွင် စစ်မှုထမ်းရန် အတွက် အစ်ကိုဖြစ်သူကို လာရောက်ခေါ်ဆောင်စဉ် မတွေ့သည့်အတွက် ညီဖြစ်သူအားခေါ်ဆောင်သွားကြောင်း သိရသည်။
ပြီးခဲ့သည့် မေလပထမပတ်က ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့ ၊ စစ်တပ်နှင့်ရဲများက ကြိုတင်အကြောင်းကြားခြင်းမရှိပဲ စစ်မှုထမ်းရန်လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းသိရသည်။
“မိဘတွေလိုက်စုံစမ်းတော့ သူ့အစ်ကိုက စစ်မှုထမ်းဖို့ စာရင်းပါတယ်။ ရှောင်နေလို့ အဲ့အိမ်က ညီကို ခေါ်ပြီး တပ်ထဲပို့လိုက်တာ ခုကစစ်သားသစ်ရဖို့ ဥပဒေမဲ့တွေ လုပ်နေကြတာ”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။
ခေါ်ဆောင်ခံရသူ လူငယ်ကိုမော်လမြိုင်ကျွန်းမြို့အခြေစိုက် ခမရ ၅၃၄ သို့ ပို့ဆောင်ပြီးနောက် စစ်သင်တန်းသို့ပို့ဆောင်လိုက်ကြောင်းသိရသည်။
တိုင်းအတွင်း စစ်ကောင်စီတပ်များတွင်စုဆောင်းထားရှိသော လူငယ်များကိုအနောက်တောင်တိုင်း စစ်ဌာနချုပ်သို့ပို့ဆောင်ပြီးပြည့်သူစစ်မှုထမ်းအမှတ်စဉ် ၁၃ သို့ မေ ၁၃ ရက်က ပို့ဆောင်ခဲ့ကြောင်း သိရသည်။
#မော်လမြိုင်ကျွန်းမြို့ #စစ်မှုထမ်း #အစ်ကိုဖြစ်သူကိုမတွေ့သဖြင့် #ညီဖြစ်သူကိုခေါ်သွား #Ayeyarwaddy_Times